BEC-TERO TV

ရဲကိုပြန်လည်ရန်ပြုတိုက်ခိုက်သည့် လှိုင်သာယာ၊ တောင်ဒဂုံလူမိုက်များအား ပစ်ခတ်ဖမ်းဆီး

30 Oct 2017     2,058 Views


လှိုင်သာယာမြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တို့တွင် ဆူပူသောင်းကျန်းရန်ဖြစ်သူများအား ရဲတပ်ဖွဲ့မှ သွားရောက်တားဆီးခဲ့ရာ ပြန်လည်ရန်ပြုတိုက်ခိုက်ခဲ့သော ဖြစ်စဉ်နှစ်ခုတွင် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်(၁)။ အောက်တိုဘာလ (၂၇)ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊
အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မြရိပ်ညို(၅)လမ်းထောင့်ရှိ ဘုံကထိန်၊ အလှူခံမဏ္ဍာပ်တွင် အသံချဲစက်များ ဆူညံစွာဖွင့်လှစ်၍ လူငယ် ၃၀ ဦးခန့် ကခုန်ပြီး ပတ်ဝန်းကျင်အား အနှောင့်အယှက်ရှိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ သွားရောက် တားမြစ်ခဲ့ရာ နားမထောင်ပဲ ဆက်လက် ကခုန်ဆူညံနေခဲ့သည်။


ထို့ကြောင့် ရပ်ကွက်နယ်ထိန်း ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်း၊ ရဲတပ်သား ကြည်ဖြိုးကြည်နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ ထပ်မံ သွားရောက်တားမြစ်ခဲ့ရာ လူငယ်အဖွဲ့ထဲမှ ကျော်ဇင်လေး ဆိုသူက ရဲဒုတပ်ကြပ် ထက်ပိုင်ဝင်းအား လက်သီးဖြင့် ထိုးကြိတ်ခဲ့သဖြင့်၊ လူစုခွဲရန် ပန့်အက်ရှင်သေနတ်ဖြင့် မိုးပေါ်သို့ထောင်ပစ်ခဲ့သည်။ သို့သော် လူစုခွဲခြင်းမရှိပဲ လူငယ် ၃၀ မှ ထပ်မံရန်ပြုရန် ဝိုင်းအုံလာသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျော်ဇင်လေး၏ ဝမ်းဗိုက်၊ ဝဲလက်ဖျံ၊ ဝဲလက်မောင်းတို့တွင် ပေါက်ပြဲဒဏ်ရာများရရှိကာ အပေါင်းအပါ ၁၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

ဖြစ်စဉ်(၂)။ အောက်တိုဘာလ (၂၈)ရက် ည ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) (၇၀)ရပ်ကွက်၊ နဝဒေးလမ်းတွင် ဓါးထိုးမှုဖြစ်စဉ်ကို ဖုန်းနှင့်သတင်းပေးချက်အရ ရဲတပ်ဖွဲ့မှ သွားရာက်စုံစမ်းခဲ့ရာ ကိုဇင်(ခ)ဇင်ဖြိုး ၂၈ နှစ်၊ ၇၀ ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ
သူသည် နဝဒေးလမ်းနှင့် ဆုထူးပန်လမ်းထောင့်တွင် ဝက်အူလှည့်အား ကိုင်ဆောင်ပြီး တစ်ရပ်ကွက်ထဲနေသူ ကျော်မိုးထွန်း၏ ဝဲဘက်လက်ဖျံအား ထိုးသဖြင့် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။


ရဲတပ်ဖွဲ့က ကိုဇင်(ခ)ဇင်ဖြိုး ကို သူ၏နေအိမ်တွင် တွေ့ရှိခဲ့ပြီး ဥပဒေအရဖြေရှင်းရန် ပြောဆိုစဉ် ကတ်ကြေးဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်သား မျိုးသီဟထွန်း၏ ဝံဘက်ပခုံးတွင် ပြတ်ရှဒဏ်ရာ၊ ရာအိမ်မှူး ဦးနိုးတူး၏ ဝဲဘက်လက်ဖျံ ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့မှ ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးကာ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့စာမျက်နှာမှ သိရှိရသည်။
 


30 Oct 2017     2,058 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS