BEC-TERO TV

မြောက်ကိုရီးယားကို ဖိအားပေးရန် အာဆီယံနှင့်အမေရိကန်နိုင်ငံ လက်တွဲလုပ်ဆောင်မည်

26 Oct 2017     1,297 Views


မြောက်ကိုရီးယားကို ဖိအားပေးဖို့ အာဆီယံအဖွဲ့ဝင်များနှင့်အတူလက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောလိုက်ပါတယ်။သမ်္မတထရမ့်ဟာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ အိမ်ဖြူတော်မှာ အောက်တိုဘာလ(၂၃)ရက်တုန်းက တွေ့ဆုံချိန်မှာ အခုလိုပြောလိုက်တာပါ။နျူကလီးယားနဲ့ဒုံးကျည်နည်းပညာတိုးတက်အောင် လုပ်ဆောင်ပြီး အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ မြောက်ကိုရီးယားအပေါ် နှစ်နိုင်ငံခေါင်းဆောင် တွေက ရှုတ်ချစကားပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့စင်ကာပူနိုင်ငံတို့ဟာ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုကို အတူတူ ရင်ဆိုင်ဖြေရှင်းကြမှာဖြစ်တယ်လို့ သမ်္မတထရမ့်က တွေ့ဆုံပွဲအပြီးမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။လာမယ့်လအတွင်း ဖီလစ်ပိုင်နိုင်ငံမှာကျင်းပမယ့် အမေရိကန်-အာဆီယံထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်တယ်လို့လည်း သမ်္မတထရမ့်ကပြောပါတယ်။ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးပွဲတွေဆက်လုပ်ဖို့ မျှော်လင့်တယ်လို့လည်း ထရမ့်ကပြောပါတယ်။စင်္ကာပူဝန်ကြီးချုပ် ကတော့ မြောက်ကိုရီးယားကို ဖိအားပေးတာလိုအပ်သလို တွေ့ဆုံဆွေးနွေးဖို့လည်း လိုအပ်တာကြောင့် အမေရိကန်နိုင်ငံအနေနဲ့တရုတ်နိုင်ငံအပါအ၀င် တစ်ခြားနိုင်ငံတွေနဲ့လက်တွဲပြီး ဖြေရှင်းဖို့လိုတယ်လို့ ပြောထားပါတယ်။
အရှေ့တောင်အာရှမှာရှိတဲ့နိုင်ငံတွေအားလုံးဟာ မြောက်ကိုရီးယားနဲ့သံတမန် ဆက်ဆံရေးရှိပါတယ်။ကုလသမဂ်္ဂကထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာတော့ ကုလမဂ်္ဂရဲ့ ကျောက်မီးသွေးတင်ပို့မှု ပိတ်ပင်ခံထားရတဲ့ မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံကို တင်ပို့နေရာကနေ မလေးရှားနဲ့ဗီယက်နမ်နိုင်ငံတို့ဘက်ကို တင်ပို့နေတယ်လို့ဖော်ပြထားတယ်ဆိုပြီး NHK သတင်းဌာန က သတင်းဖော်ပြပါတယ်။

26 Oct 2017     1,297 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS