BEC-TERO TV

(၂၂)ကြိမ်မြောက် နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အခုလ ၂၈ရက်ကစတင် ကျင်းပမည်

25 Oct 2017     1,354 Views


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၂)ကြိမ်မြောက် နိုင်ငံတကာရဲတီးဝိုင်း ဖျော်ဖြေပွဲကို မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်နှင့်ဂျပန်နိုင်ငံတို့မှ ရဲတီးဝိုင်းအဖွဲ့တွေက တီးခတ်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲကို အောက်တိုဘာလ၂၈ရက်နံနက်(၈)နာရီမှာ ကျောက်တံတားမြို့နယ် ကမ်းနားလမ်းနှင့်ဆူးလေဘုရားလမ်းဆုံမှာကျင်းပပြုလုပ်မှာဖြစ်တယ်လို့ အောက်တိုဘာလ(၂၃)ရက်က ရန်ကုန်မြို့ Summit Park View Hotel မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှသိရပါတယ်။နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲဟာ (၁၉၉၆)ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပတာပါ။နိုင်ငံတကာရဲတီးဝိုင်းဖျော်ဖြေပွဲကို ရဲတီးဝိုင်းအချင်းချင်းယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများ၊ တေးဂီတများအပြန်အလှန်ဖလှယ်ပြီး ကမ်္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးတို့အတွက် အထောက်အကူရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် ၈ နာရီခွဲအချိန်မှာ ကမ်းနားလမ်း နှင့်ဆူးလေဘုရားလမ်းဆုံမှစတင်ပြီး ဆူးလေဘုရားလမ်းအတိုင်း ဗိုလ်ချုပ်လမ်းဆုံအထိ လမ်းလျှောက် တီးခတ်ဖျော်ဖြေမှာ ဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် Mini Concert ကို Sule Shangrela Hotel နဲ့ Sakura Tower ကြားမှာ တီးခတ်ဖျော်ဖြေမှာဖြစ်တယ်လို့လည်း သိရပါ တယ်။
အောက်တိုဘာလ(၂၉)ရက်ညနေပိုင်းမှာတော့ ရန်ကုန်မြို့ Myanmar Convention Center မှာ ဂျပန်၊ ဗီယက်နမ်၊ စင်္ကာပူနဲ့ မြန်မာနိုင်ငံတို့မှ ရဲတီးဝိုင်းတပ်ဖွဲ့တွေက တီးခတ်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အောက်တိုဘာလ(၂၈)ရက်မှာ နံနက်(၆)နာရီမှ အခမ်းအနားပြီးဆုံးမယ် နံနက်(၁၁)နာရီထိ ရွှေဘုံသာလမ်းကို ကမ်းနားလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ၊ ဆူးလေဘုရားလမ်းကို ကမ်းနားလမ်းမှဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ၊ပန်းဆိုးတန်းလမ်းကို ကမ်းနားလမ်းမှ ဗိုလ်ချုပ်လမ်းအထိနဲ့ ကွန်ကရစ်လမ်းပေါ်ပန်းဆိုးတန်းလမ်းမှ စဥ့်အိုးတန်းလမ်းအထိ လမ်းတွေကို အလှည့်ကျ ခေတ်္တလမ်းပိတ်။ လွှဲဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

25 Oct 2017     1,354 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS