BEC-TERO TV

ကျောင်းဆရာမများ၏ အတွင်းခံ၊ အ၀တ်အထည်များ ဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်

23 Oct 2017     15,184 Views


ကျောင်းဆရာမများ နေရပ်ပြန်နေခိုက် ၀န်ထမ်းအိမ်ရာတွင်ထားခဲ့သည့် အမျိုးသမီးအတွင်းခံများ ဖျက်ဆီးသူကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း၊ ဥသျှစ်ပင်နယ်မြေရဲစခန်းမှူးက ပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကိုင်းကြီးအုပ်စု၊ ပိန္နဲခုံကျေးရွာ၊ အခြေခံပညာအလယ်တန်း ကျောင်းမှ ဆရာမ ငါးဦးသည်ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက် ကျောင်းပိတ်ရက်တွင် နေ ရပ်သို့ ခေတ္တပြန်သွားခဲ့ကြသည်။
ကျောင်းပြန်ဖွင့်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်တွင် ၀န်ထမ်းအိမ်ရာသို့ ပြန်လည်ရောက်ရှိရာ ၎င်းတို့ သိမ်းဆည်းထားခဲ့ သည့် အမျိုးသမီးအတွင်းခံ၊ အ၀တ်အထည်များ ဖျက်ဆီးခံရသည့်အပြင် ကျောင်းသုံး စာအုပ်များတွင် ညစ်ညမ်းပုံများ၊ စာသားများ ရေးသားထားခြင်းနှင့် ကြုံတွေ့ရသဖြင့် ဆရာမတစ်ဦးက ဥသျှစ်ပင်နယ်မြေရဲစခန်းသို့ တိုင် ကြားခဲ့သည်။

အ၀တ်အထည်တွေ ဖျက်ဆီးခံရတာတွေနဲ့ပတ်သက်လို့ ဆရာမတစ်ဦးက လာတိုင်ကြားတဲ့အတွက် အောက်တိုဘာ ၁၇ ရက်က ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်။ ဖျက်ဆီးသွားသူကိုလည်း ဖော်ထုတ်အရေး ယူနိုင်ဖို့ စုံစမ်း နေပါတယ်”ဟု ဥသျှစ်ပင်နယ်မြေ ရဲစခန်းမှူးက ပြောသည်။

ယင်းနှင့်ပတ်သက်၍ အိမ်ကျော်နင်းမှု ပုဒ်မ ၄၅၁၊ အကျိုးဖျက်ဆီးမှုပုဒ်မ ၄၂ဂျနှင့် အမျိုးသမီးတို့၏ ကာအိနြေ္ဒကို စော်ကားရန် ရည်ရွယ်မှု ပုဒ်မ ၅၀၉ အရ အမှု့ဖွင့်ခဲ့ခြင်းဖြစ်သည်။ ပိန္နဲခုံကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းသည် ပန်းတောင်းမြို့ပေါ်နှင့် အလှမ်းဝေးပြီး လမ်း ပန်းဆက်သွယ်မှုမကောင်းကြောင်း၊ သွားလာရခက်ခဲသဖြင့် ရပ်ဝေးမှ ဆရာမများသည် ၀န်ထမ်းအိမ်ရာ ဖြင့်နေရကြောင်း၊ ၎င်းတို့သည် တစ်လတစ်ကြိမ်ခန့် နေရပ်ပြန်လေ့ရှိကြောင်း ပန်းတောင်းမြို့ခံ အမျိုး သားတစ်ဦးက ပြောသည်။

ဆရာမလေးတွေကလည်း ဒီလိုဖြစ်ရပ်ကြောင့် စိုးရိမ်စိတ်တွေဖြစ်ပြီး ၀န်ထမ်းအိမ်ရာမှာ ဆက်လက် နေထိုင်လိုစိတ်မရှိတော့ဘူးလို့ ဆိုကြတယ်။ စာသင်ကြားးရေးရပ်ဆိုင်းမှုမရှိစေဖို့ အတွက် ရပ်ရွာကလည်း လုံခြုံရေးတာဝန်ယူနိုင်မှုစတာတွေအားလုံး အဆင်ပြေအောင်တော့ ဆွေးနွေးညှိနှိုင်းနေကြပါတယ်”ဟု ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း - 7DayDaily
 


23 Oct 2017     15,184 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS