BEC-TERO TV

မီးလောင်မှုမှ လွတ်မြောက်ခဲ့တဲ့ ကန်တော်ကြီးဟိုတယ် ဝန်ထမ်းတစ်ဦးရဲ့ အတွေ့အကြုံ

23 Oct 2017     1,456 Views


ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ မီး​လောင်မှုဖြစ်ပွားခဲ့ရာမှ လွတ်မြောက်ခဲ့သူ အစားသောက်ပိုင်း တာဝန်ယူထားရသူ ဝန်ထမ်းတစ်ဦးက သူ့ရဲ့ အတွေ့အကြုံကို အောက်ပါအတိုင်း ပြောပြခဲ့ပါတယ်။

“ကျွန်တော်က မနက်ခင်းပိုင်း Breakfast ခင်းပေးရ မှာဆိုတော့ ညကတည်းက ဟိုတယ်မှာ အိပ်ရတာ၊ မနက် ၃:၃၀ နာရီ၊ ၄:ဝ၀ နာရီလောက်ကမှ မီးသတ်ကားသံတွေ တိုးတိုးလေးကြားရတယ်။
အိပ်တဲ့နေရာကလဲ လုံနေတော့ မီးလောင်နေမှန်းမသိဘူး၊ အဲဒီမှာ staff တစ်ယောက်က လာခေါ်တယ်၊ အပေါ်ဆုံးထပ်က စလောင်တာ၊ မှတ်ပုံတင်ယူဖို့ locker ဘက်ကိုသွားတာ မီးခိုးငွေ့တွေ တော်တော်ဆိုးဆိုးပဲ၊ မီးလဲပျက်နေတော့ မှောင်မည်းနေတာ၊ မီးခိုးငွေ့ တွေချည်းပဲ၊ ကျွန်တော်အပါအဝင် ဝန်ထမ်းခြောက်ယောက်လောက်မှာ ကျွန်တော်က ရှေးက ဦးဆောင်ပြီး အပြင်ကိုထွက်ဖို့လုပ်တာ၊ မှတ်ပုံတင်ယူပြီး အပြင်ဘက်ကိုထွက်ဖို့ကခက်နေတော့ Clubhouse နဲ့ ကန် တော်ကြီးပဲလေ့စ်ဟိုတယ်ဘက်ကို ကူးတဲ့ကြားက သစ်သားတံခါးကို ဖွင့်ဖို့ကြိုးစားတယ်၊ တံခါးက သော့ခတ်ထားတော့ မီးသတ်ဆေးဘူးနဲ့ လေးငါးခါရိုက်ဖွင့်တယ်၊ မပွင့်ဘူး၊ ကျွန်တော် ကိုယ်လုံးကလဲကြီးတော့ ခြောက်ခါ ခုနစ်ခါလောက် တိုက်ဖွင့်တော့မှ တံခါးပတ္တာပြုတ်ထွက်သွားတယ်၊၊
အဲဒီမှာ အပြင်ဘက် ကို ရောက်တာ၊ ကိုယ်လုံးနဲ့တိုက်ဖွင့်ထားရတော့ တစ်ကိုယ်လုံးနာကျင်နေတယ်၊ ဖြစ်ခဲ့တာတွေကလဲ ဇာတ်လမ်းဆန်ဆန်ပဲ” လို့ ဆိုပါတယ်။


မီးက မနက် ၈:၃၀ နာရီလောက်မှာ ငြိမ်းသွားပေမဲ့ အကုန်မငြိမ်းသေးဘဲ အထဲမှာ ကျန်ရှိနေတဲ့ အတိုအစ မီးစွဲနေတာတော့ ရှိပါသေးတယ်။ အပြင်ဘက်မှာ နေ့လယ် ၁:ဝ၀ နာရီလောက်အထိ နေလိုက်ပြီး မီးသတ်သမားတွေကိုလည်း ကိတ်မုန့်တွေတော့ ဝေပေးလိုက်သေးတယ်လို့ သူ့ရဲ့အဖြစ်အပျက်ကို ပြော ပြပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှာ နှစ်ဦးသေဆုံးခဲ့ကာ တစ်ဦးဒဏ် ရရာရှိကြောင်းထွက်နေတဲ့ သတင်းတွေအရ သိရပါတယ်။ နောက်ပြီး လူငယ်တွေပါတီလုပ်ကြတဲ့ ဟို တယ်ရှိ Clubhouse ဘား (ကလပ်) မှာဆိုလည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း Clubhouse တာဝန် ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း - ကုမုန္ဒြာ

 


23 Oct 2017     1,456 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS