ငါးခွေးလျှာငါးကို နမ်းမိသူတစ်ဦး ချက်ခြင်းအသက်ရှုရပ်ကာလဲကျ
19 Oct 2017 2,579 Views

အင်္ဂလန်နိုင်ငံမှ ငါးဖမ်းဝါသနာပါသူတစ်ဦးဟာ ငါးခွေးလျှာငါးတစ်ကောင်ကို နှုတ်ဆက်အနမ်း ပေးမိရာမှ ရုပ်တရက်အသက်ရှုရပ်ကာ လဲကျပြီး သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ကယ်ဆယ်ရေးအဖွဲ့ အချိန်မိရောက်လာသဖြင့် အသက်ရှင်ခွင့်ရရှိခဲ့သည်။
အသက် ၂၈ နှစ်အရွယ် ဆမ်ကွီလီယံ ဆိုသူသည် ငါးဖမ်းရာ၌ အလွန်ပျော်မွေ့သူဖြစ်ပြီး သူ့ကို အမြဲတစေ မြစ်ချောင်းကမ်းနားတွင် ငါးမြှားတံကိုင်လျှက် တွေ့ရတတ်သည်။ ထိုနေ့က ဒေါဆတ်မြို့ရှိ ဘောစ်ကွန်ဘီဆိပ်ခံတွင် ငါးမြှားနေခဲ့သည်။ ထို့စဉ်ငါးမြှားချိတ်တွင် ငါးလာဟပ်သဖြင့် ဆွဲတင်လိုက်ရာ ငါးမှာသေးငယ်နေကြောင်းတွေ့ရသဖြင့် ပက်လယ်ထဲပြန်လွှတ်ပေးရန် ငါးမြှားချိတ်မှ ဖြုတ်လိုက်သည်။
ဖမ်းမိသော ငါးကို ရေထဲပြန်လွှတ်မည်ဆိုပါက နှုတ်ဆက်အနမ်း ပေးပြီးမှ ပြန်လွှတ်လေ့ရှိသော သြစတြေးလျနိုင်ငံမှ ကျော်ကြားသည့် ငါးဖမ်းသမား ရက်စ်ဟန့်၏ ပုံစံအတိုင်း ငါးကို နမ်းရန် နှုတ်ခမ်းနားတေ့လိုက်ရာ ငါးကလူးလွန့်ပြီး သူ၏ ပါးစပ်ထဲခုန်းဝင်ကာ လေပြွန်ထဲသို့ တစ်ဟုန်ထိုးလျောဆင်းသွားသဖြင့် ရုတ်တရပ် အသက်ရှုပေါက်ပိတ်ကာ အသက်ရှုရပ်ပြီး လဲကျသွားခဲ့သည်။
အနီးနားတွင် ငါးအတူမျှားနေသော မိတ်ဆွေနှစ်ဦးဖြစ်သူ စတိဗ်ပယ်ရီ နဲ့ မတ်ဟုမ်းလ် ဖြစ်သူတို့က အရေးပေါ်ကို ချက်ချင်းအကြောင်းကြားခဲ့ပြီး အသက်ရှုအားကူနည်းနဲ့ ကယ်ဆယ်ရေး စလုပ်ပေးခဲ့သည်။
၁၄ စင်တီမီတာခန့်ရှိသော ငါးခွေးလျှာငါးမှာ အသက်ရှင်လျှက် လေပြွန်အတွင်း လူလွန့်နေခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေး ရောက်လာချိန်တွင် ဆမ် မှာလုံးဝအသက်ရှုရပ်နေပြီဖြစ်သည်။
နောက်ဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့က မတ်ဟာရစ်ဆမ်က လည်ချောင်းထဲသို့ မှန်ပြောင်းသွင်းကြည့်ရာ အတွင်းတစ်ရှုးအသားစများ အရောင်ပြောင်းလာသည်ကို တွေ့ခဲ့ရသည်။ ထို့နောက် ညှပ်ကို အသုံးပြုကာ လေပြွန်ထဲက ငါးခွေးလျှာငါးကို ဖြည်းဖြည်းချင်းဆွဲထုတ်ရာ ခြောက်ကြိမ်မြောက်မှာတော့ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပါတယ်။
အသက်ကယ်တင်ရှင်နှင့် ဒုက္ခပေးသောငါးခွေးလျှာငါး
ထို့နောက် ချက်ချင်းပင် အသက်ရှုအားကူနည်းနဲ့ ပြန်လည်ကယ်ဆယ်ခဲ့ရာ ဆမ်မှာ အသက်ပြန်ရှုပြီး အသက်ချမ်းသာရာရခဲ့သည်။ ဆမ်မှာ ကယ်ဆယ်ရေးအဖွဲ့က ပေးသော အသက်ဖြင့် တစ်ဖန်ပြည်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ဆမ်က နောက်တစ်ကြိမ် ငါးတွေကိုနမ်းမဲ့အစား သူ့ချစ်သူကိုပဲ နမ်းပါတော့မယ်ဟု နောင်တရကာ ပြောဆိုခဲ့ပါတယ်။