လိုင်စင်မဲ့လက်နက်၊ ခဲယမ်း၊ ဆက်သွယ်ရေးစက်၊ မော်တော်ယာဉ်များ သက်ဆိုင်ရာသို့ အပ်နှံရန် ပြည်ထဲရေးထုတ်ပြန်
19 Oct 2017 1,387 Views
လိုင်စင်မဲ့လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယာဉ်များကို လက်ဝယ်ထားရှိခြင်းမပြုပဲ သက်ဆိုင်ရာသို့ အပ်နှံကြရန်နှင့် တွေရှိပါကတရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌါနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ကျင့်သုံးလျှက်ရှိသေယ လက်နက်ကိုင်ဆောင်ရေးမူအရ လေသေနတ်၊ လုပ်သေနတ်အပါအဝင် လက်နက်အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုသဖြင့် လိုင်ဆင်ဖြင့် ကိုင်ဆောင်ခွင့်ရရှိရန် ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ ပြည်ထဲရေးဝန်ကြီးဌါန (လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့) သို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိမည်ဖြစ်သည်။
ထို့နည်းတူ ဆက်သွယ်ရေးစက်များကိုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထား၍ လိုင်စင်ရရှိမှသာ ကိုင်ဆောင်ခွင့်ရှိသည်။
၁၈၇၈ လက်နက်အက်ဥပဒေပုဒ်မ ၁၉ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်ထက်မနည်း (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌါန်းထားပြီး အလားတူ ၁၉၅၁ ခုနှဏ် လက်နက်များ(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉−က အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ်ထက်မနည်း (၇)နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်ကြောင်း ပြဌါန်းထားသည်။
၂၀၁၃ ခုနှဏ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အရ ဆက်သွယ်ရေးစက်များကို လိုင်စင်မဲ့ တရားမဝင်ကိုင်ဆောင် လက်ဝယ်ထားရှိ (သို့) အသုံးပြုပါက (၁)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌါန်းထားသည်။
၂၀၁၂ ခုနှစ် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈) အရ မော်တော်ယာဉ်များကို လိုင်စင်မရှိပဲ တရားမဝင်လက်ဝယ်ထားရှိ (သို့) အသုံးပြုပါက ထောင်ဒဏ်(၃) နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌါန်းထားသည်။
သို့ဖြစ်ပါ၍ တရားမဝင်လက်ဝယ်ထားရှိသော လက်နက်/ခဲယမ်းများ၊ ဆက်သွယ်ရေးစက်များ၊ လိုင်စင်မဲ့ယာဉ်များအား နီးစပ်ရာ တပ်၊ ရဲစခန်းများ၊ ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံးလောရောက်အပ်နှံကြရန်၊ အပ်နှံခြင်းမရှိပဲ စုံစမ်းစစ်ဆေး၍ ဖော်ထုတ်တွေ့ရှိပါက တရားဥပဒေနဲ့အညီ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌါနမှ ထုတ်ပြန်ကြေညာထားကြောင်း ဒီမိုကရေစီတူဒေး သတင်းတွင် ဖော်ပြပါရှိသည်။