BEC-TERO TV

ရွှေပြည်သာ ထောင်ထွက်လူမိုက်ကို ဝိုင်းဝန်းသတ်ဖြတ်မှု၏နောက်ကွယ်

13 Oct 2017     1,525 Views


အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်က ရွေပြည်သူတွင် နေထိုင်သော ထောင်ထွက် တစ်ဦးကို အပေါင်းအသင်းဟောင်းများက နေအိမ်သို့လာရောက်သတ်ဖြတ်သားခဲ့သည့် အမှုတွင် ပါဝင်ပက်သက်ခဲ့သူ အမျိုးသားလေးဦးကို ထပ်မံဖမ်းဆီးရခဲ့ကြောင်း ရွေပြည်သာမြို့မရဲစခန်းမှ သတင်းရရှိသည်။

သတ်ဖြတ်ခံရသူ ဦးကျော်နိုင်နှင့် လာရောက်သတ်ဖြတ်သောအဖွဲ့ကို ဦးဆောင်သူ ဦးတင်လှ (၅၂ နှစ်)တို့မှာ ထောင်ထဲ၌ရင်းနှီးခင်မင်ခဲ့ကြသူများဖြစ်ပြီး အောက်တိုဘာ ၁၀ ရက် ည ၇ နာရီအချိန်ခန့်ထိ  အပြန်အလှန်ဖုန်းပြောဆိုနေခဲ့ကြကြောင်း အသတ်ခံရသူ၏ဇနီးဖြစ်သူ ဒေါ်ခင်သီတာအေးက ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ရွှေပြည်သာ အမှတ်(၆) ရပ်ကွက် တော်ဝင်ပတ်လမ်းတွင်နေထိုင်သော ဦးကျော်နိုင်၏ နေအိမ်တွင် ဇနီးဖြစ်သူ၊ သမီးဖြစ်သူတို့နှင့် သားအမိသားအဖ သုံးဦး ညအချိန် အိပ်နေစဉ် လူတစ်စုက ဝင်ရောက်လာပြီး အိမရှေ့ ဘုရားခန်းတွင် အိပ်နေသော ဇနီးဖြစ်သူအား အသံမထွက်စေရန် လူတစ်ဦးမှ ဓားဖြင့်မိုးထားပြီး ကျန်လူများက မျက်နှာကို ကုန်းသီးလေးဂွများဖြင့် မျက်နှာကို မိုးထားခဲ့သည်။

ဦးကျောနိုင်က နောက်ဖေးပေါက်မှ ထွက်ပြေးသည့်အခါ နောက်မှလိုက်၍ ဓား၊ လှံများဖြင့် ထိုးခုတ်ကာ ပြန်သွားခဲ့ကြသည်။ ဇနီးဖြစ်သူမှ ဦးကျော်နိုင်ကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးကျောနိုင် သတ်ဖြတ်ခံရမှုနှင့် ပက်သက်ပြီး ဇနီးဖြစ်သူက “ကိုတင်လှနဲ့က အရင်ကတည်းက သိကျွမ်းခဲ့ဖူးသူတွေပါ။ အခုကိစ္စက တောင်ဒဂုံ(၁၇) ရပ်ကွက်က သူဌေးတစ်ဦးက သူပိုင်မြေကွက်ပေါ်မှာရှိတဲ့ ကျူးကျော်တဲတေါကို ရှင်းလင်းခိုင်းတုန်းက ငွေပေး၊ ငွေယူကိစ္စအပေါ် အထင်မြင်လွဲမှားပြီး အငြိုးဖွဲ့လာသတ်တာဖြစ်နိုင်တယ်” ဟု ပြောကြားခဲ့သည်။

အဖွဲ့ခေါင်းဆောင် ဦးတင်လှကို ဗဟန်းရှိနေအိမ်တွင် ဖမ်းဆီးမိခဲ့ပြီး ပူးပေါင်းပါဝင်သူ လေးဦးကို ထပ်မံဖမ်းဆီးမိခဲ့သည်။ ပြစ်မှုကျူးလွန်သူများအား (ပ) ၂၀၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း ဒီမိုကရေစီတူဒေး သတင်းစာတွင် ဖော်ပြထားသည်။
 


13 Oct 2017     1,525 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS