သုံမိနစ်အတွင်း အင်္ကျီ ၁၂ ထည် မီးပူတိုက်နိုင်သည့်စက်
10 Oct 2017 2,694 Views
ယနေ့ခေတ်မှာ အဝတ်လျှော်စက်တွေ ရှိနေလို့ အဝတ်လျှော်ရတာ အဆင်ပြေနေပေမယ့် လျှော်ပြီးသား အဝတ်တွေကို မီးပူတိုက်ဖို့အတွက်တော့ အချိန်ပေး ခွန်အားစိုက်ထုတ်နေရပါသေတယ်။ တစ်ခါတစ်ရံ မီးပူတိုက်ရခက်တဲ့ အင်္ကျီမျိုးနဲ့ တွေ့ရင် တစ်ထည်ထဲကို ၁၅ မိနစ်လောက် ချွေးပြန်အောင် တိုက်ရတတ်ပါတယ်။
ဒီဘက်ကတိုက်လိုက် ဟိုဘက်က ကြေလိုက်နဲ့မို့ ဒေါသထွက်ရတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ အခုတော့ ဒီပြသနာတွေ ကင်းဝေးဖို့ အလိုလျှောက် မီးပူတိုက်စက်ကို အင်္ဂလန်နိုင်ငံက အသက် ၂၇ နှစ်အရွယ် Rohan Kamdar နဲ့ Trevor Kerth တို့က အတူတကွ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။
စက်ရဲ့ အမည်ကို “Effie” လို့ပေးထားပြီး မီးပူတိုက်မယ့် အင်္ကျီတွေ ချိတ်နဲ့ချိတ်ပြီး စက်မှာ ချိတ်ပေးလိုက်ရုံနဲ့ အင်္ကျီက တစ်ထည်ချင်းစက်ထဲ အလိုလျှောက်ဝင်သွားပြီး တစ်ဖက်ကနေ မီးပူတိုက်ပြီးသား ပြန်ထွက်လာမှာဖြစ်ပါတယ်။ သုံးမိနစ်အတွင်းမှာ အင်္ကျီ ၁၂ ထည် တိုက်ပေးနိုင်ပါတယ်။
မီးပူတိုက်စက်ရဲ့ ဒီဇိုင်းက ခေတ်ဆန်ပြီး မိုဘိုင်းအပလီကေးရှင်းနဲ့လည်း ထိန်းချုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် တိုက်ပြီးသား အင်္ကျီတွေမွှေးပျံ့စေဖို့ အနံခဲကိုလည်း စက်ထဲမှာ ထည့်နိုင်အောင် စီစဉ်ထားပါတယ်။
စက်ရဲ့တန်ဘိုးက အမေရိကန်ဒေါ်လာ ၉၁၃ (ကျပ် ၁၂ သိန်းကျော်) ကျသင့်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဈေးကွက်ထဲကို တင်ပို့ရောင်းချမှာဖြစ်ပါတယ်။