BEC-TERO TV

နိုင်ငံသားစိစစ်ရေး မြန်မာဘက်က လုပ်ဆောင်မှု နှေးကွေးကြောင်း ထိုင်းအစိုးရပြော

28 Sep 2017     1,286 Views


မြန်မာနှင့်ထိုင်းနယ်စပ်ရှိ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ရရှိအောင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ပေးနေမှုတွင် မြန်မာအာဏာပိုင်များဘက်မှ နိုင်ငံသားဟုတ်၊မဟုတ် စိစစ်ရေးဆောင်ရွက်ရာတွင် လွန်စွာနှေးကွေးနေကြောင်း ထိုင်းဘက်မှ ပြောဆိုလိုက်သည်။

နိုင်ငံသားစီစစ်ရေးအတွက် အလုပ်သမားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းနဲ့ ပက်သက်၍ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးရန် မြန်မာအာဏာပိုင်များကို အသိပေးပြောကြားပြီ:ဖြစ်ကြောင်း စရီချိုင်ဒေသ အလုပ်သမားရေးရာဌါနမှ အမှုဆောင်ဒါရိုက်တာ မစ္စတာဝါရနောင် ပီတီဝမ်မှ ပြောကြားခဲ့သည်။

ဝန်ကြီးဌါနအနေနှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်းပြီး ဘန်ကောက်ရှိ မြန်မာသံရုံးနှင့် ဆွေးနွေးပြောဆိုခဲ့ကြပြီးနောက် မြန်မာအာဏာပိုင်များက အလုပ်သမားများ အသိမှတ်ပြုလက်မှတ် (certificate of identity, CI) မြန်မြန်ဆန်ဆန် ရရှိရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရနောင်းနှင့် စမွတ်စခွန် ဒေသတွင် ဖွင့်ထားသော စိစစ်ရေးစခန်းများတွင် တစ်ရက်လျှင် လူပေါင်း ၁,၄၀၀ ခန့် CI ရရှိအောင် အရှိန်မြှင့်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာအာဏာပိုင်များက မနေ့က ပြောကြားခဲ့သည်။

အလုပ်သမားများအနေနဲ့ လုပ်ငန်စဉ်အတွက် အလုပ်လုပ်ခွင့် စာရွက်စာတမ်းကြေး ၄၅၀ ဘတ်၊ လျှောက်ထားမှုအတွက် ဘတ် ၁၀၀ နှင့် ဝန်ဆောင်ခ ၁၀ ဘတ် စုစုပေါင်း ဘတ် ၅၆၀ ပေးရမှာဖြစ်ကြောင်း မစ္စတာဝါရနောင် က ပြောကြားခဲ့သည်။

၎င်းအပြင် ထိုင်းဗီဇာကြေး ဘတ် ၅၀၀၊ ဆေးစစ်ခအတွက် ဘတ် ၅၀၀ နဲ့ ကျန်မာရေးအာမခံကြေး ဘတ် ၅၀၀ စုစုပေါင်း ဘတ် ၁၅၀၀ ထပ်မံကုန်ကျမှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ပြီးခဲ့တဲ့ တနင်္လာနေ့ထိ စခန်းအသီးသီးမှ မြန်မာအလုပ်သမား စုစုပေါင်း ၂၆,၈၃၉ ဦး တရားဝင် အလုပ်လုပ်ခွင့် ကတ်ပြားထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်တဲ့ ရာချာဒါ ဒနာဒီရက် က ထိုင်နိုင်ငံတွင် မြန်မာအလုပ်သမားများ ခွဲခြားဆက်ဆံခံနေရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ဘန်နီဒေသတွင် ရှိသော အလုပ်သမားစိစစ်ရေးစခန်းတစ်ခုတွင် နံနက် ၁၀ နာရီမှ ည ၉ နာရီထိ တန်းစီသည့်တိုင် ပြီးပြည့်စုံသော စာရွက်စာတမ်းများ မရရှိသေးပဲ နောက်နေ့ကျမှ ပြန်လာခိုင်းကြောင်း အလုပ်သမားတစ်ဦးမှ ပြောဆိုခဲ့ပြီး ဝန်ကြီးဌါနအနေနဲ့ တန်းစီရသည့်အချိန် လျော့ကြအောင် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

 

(ဘန်ကောက်ပိုစ့်)
 


28 Sep 2017     1,286 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS