BEC-TERO TV

Yangon Water Bus မကြာမီ စတင်ပြေးဆွဲတော့မည်

26 Sep 2017     1,316 Views


ရန်ကုန်မြစ်အတွင်းမှ ပြေးဆွဲတော့မည့် Water Bus အစီစဉ်ကို ပထမဆုံး ခရီးစဉ်အဖြစ် လှိုင်သာယာမှ ဗိုလ်တစ်ထောင်သို့ မကြာမီ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သြစတြေးလျနိုင်ငံမှ တင်သွင်းလာသော Water Bus တစ်စီးလျှင် လူ ၆၀ ဆံ့ပြီး မိနစ် ၂၀ လျှင် တစ်စီး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ စီးနင်းခအဖြစ် ခရီးစဉ်စဆုံး ၅၀၀ ကျပ်နှင့် ခရီးတို ၃၀၀ ကျပ်တို့ ကျသင့်မည်ဖြစ်ပြီး တစ်ရက်လျှင် စီးနင်းသူအရေအတွက် နှစ်သောင်းခန့် ရှိလာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။ လှိုင်သာယာမှ ဗိုလ်တစ်ထောင်ထိ ကြာမြင့်ချိန် တစ်နာရီခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး မိနစ် ၂၀ ခြားစီ ပြေးဆွဲသွားပါက ရေယာဉ် ၁၆ စင်းဖြင့် လုံလောက်မည်ဖြစ်ပြီး လိုအပ်သော ရေယာဉ်များကို ထပ်မံမှာယူထားကြောင်း သိရှိရသည်။

လတ်တလောတွင် Yangon Water Bus ရေယာဉ်နှစ်စီးမှာ နန်းသီတာဆိပ်ကမ်းသို့ သြဂုတ်လ ၁၆ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဌါနဆိုင်ရာ အကြီးအကဲများက Yangon Water Bus အားလိုက်ပါစီးနင်းခဲ့ပြီး လမ်းညွှန်ချက်များ ပေးခဲ့ကြောင်း စက်တင်လာလ ၂၄ ရက်နေ့က Yangon Water Bus လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြခဲ့သည်။



 


26 Sep 2017     1,316 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS