ပိတ်ထားသောလမ်းကို အတင်းဝင်သဖြင့် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ
25 Sep 2017 1,284 Views
စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၊ (၄၀) ဈေးအနီးတွင် အသက်(၄၀)နှစ်အရွယ် အမျိုးသားတစ်ဦးရိုက်နှက်ခံရကာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းရရှိသည်။
မျက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ အရိုက်ခံရသူမှာ အနှေးယာဉ်လုပ်သားတစ်ဦးဖြစ်ပြီး လမ်းပြုပြင်နေသဖြင့် ခတ္တပိတ်ထားသော လမ်းကို အတင်းဖွင့်ဝင်တဲ့အတွက် လမ်းပြုပြင်နေသာ ကန်ထရိုက်အဖွဲ့မှ ကျောက်ပုံးပြုလုပ်ရာတွင် အသုံးပြုသော ၃x၁ခွဲသားဖြင့် ရိုက်နှက်ခဲ့ကြောင်း သူ၏လူမှုကွန်ယက်တွင် ဖော်ပြထားသည်။
အဆိုပါအရိုက်ခံရသူအား K-Ambulance အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ကူညီ၍ ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
သတင်းနှင့် ဓါတ်ပုံ - FSS ပြန်ကြားရေး