BEC-TERO TV

၁၅ နှစ်ကျော်ကြာပျောက်နေတဲ့ Tomb Raider ပြန်လာပြီ(ရုပ်သံ)

21 Sep 2017     2,119 Views


ကမ္ဘာကျော်ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ ပါဝင်သရုပ်ဆောင်ထားတဲ့ Tomb Raider ရုပ်ရှင်ကို မှတ်မိကြလိမ့်ဦးမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ထွက်ခဲ့တဲ့ Tomb Raider:The Cradle of Life  ရုပ်ရှင်မှာ “လာရာခရော့ဖ်” အဖြစ် အိန်ဂျလီနာက သရုပ်ဆောင်ခဲ့ပါတယ်။
 
တစ်ကျော့ပြန် “Tomb Raider” ဇာတ်လမ်းသစ်မှာတော့ “လာရာခရော့ဖ်” နေရာမှာ မင်းသမီး အဲလီစီယာ ဗီကန်ဒါ (Alicia Vikander) က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ “လာရာခရောဖ်” ရဲ့ ငယ်ဘဝ ကောလိပ်ကျောင်းက ထွက်ပြီး ဂျပန်ကမ်းခြေအလွန်တွေဆီကို ရတနာသိုက် ရှာပုံတော်ဖွင့်ဖို့ ထွက်လာခဲ့ပါတယ်။
 
MGM, Warner Bros နဲ့ အခြားထုတ်လုပ်ရေး ကုမ္ပဏီတွေ ပူပေါင်းရိုက်ကူးထားတဲ့ “Tomb Raider” အသစ်ကို ၂၀၁၈ မတ်လ ၁၆ ရက်နေ့မှာ ရုံတင်မှဦဖြစ်ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်ကြီး အကြိုခံစားနိုင်ဖို့ ဇာတ်ကားနမူနာလေးကို အားပေးကြပါဦး။

 


21 Sep 2017     2,119 Views




RELATED

Most Popular of Movies

Most Popular of Entertainment