ရှေးဟောင်းဘုရားကျောင်းတွင်း ကိုယ်လုံးတီးဓာတ်ပုံရိုက်ခဲ့လို့ ရိုက်နှက်ဖမ်းဆီးခံရ တဲ့ မော်ဒယ်
13 Sep 2017 1,521 Views
ဘယ်လ်ဂျီယံနိုင်ငံသူ မော်ဒယ် တဦးဟာ ရှေးဟောင်း အီဂျစ်ဘုရားကျောင်းတခုတွင်းမှာ ကိုယ်လုံးတီးဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပါတယ်။
Marisa Papen ဟာ သြစတြေးလျ ဓာတ်ပုံဆရာတဦးဖြစ်တဲ့ Jesse Walker နဲ့အတူ ရှေးဟောင်းဘုရားကျောင်း တခုဖြစ်တဲ့ ( Luxor) မြို့တွင်းမှ ဘုရားကျောင်းထဲကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မတောင်းခံဘဲ ဝင်ရောက်ခဲ့ပြီး ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံခဲ့တာပါ။
Papenဟာသူ့ကိုယ်သူလွတ်လပ်တဲ့စိတ်ဝိညာဉ်နဲ့သဘာဝအရိုင်းဆန်ဆန် ဖော်ထုတ်ပြသသူ အနုပညာရှင်တဦးအဖြစ် ဖော်ပြခဲ့ကာ နိုင်ငံပေါင်း ၅၀ လောက်မှာ ခုလို ကိုယ်လုံးတီးအနုပညာဖန်တီးမှု ဓာတ်ပုံတွေ ရိုက်ကူးခဲ့ပါသေးတယ် ။
Papen က “သူတို့ကို ဒါဟာ အမြင့်မားဆုံး အနုပညာပြချက်တခုအဖြစ် လုပ်ဆောင်တာဖြစ်တယ်လို့ ရှင်းပြဖို့ကျမတို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကအနုပညာနဲ့ ကိုယ်လုံးတီးဖြစ်တည်မှု ဆက်နွယ်တာကို မမြင်ဘူးရှင့်။ သူတို့မျက်လုံးထဲမှာတော့ ဒါဟာ ညစ်ညမ်းမှုတခု၊ဒါမှမဟုတ် တခုခုပေါ့ရှင်” လို့ ပြောထားပါတယ် ။
လုံခြုံရေးတင်းကျပ်တဲ့ကြားက ခုလို ဓာတ်ပုံရိုက်ကူးဖို့ ကြိုးစားခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ ကင်းလှည့်အစောင့်တွေက ဖမ်းမိပြီး ရဲစခန်းကိုရိုက်နှက် ခေါ်ဆောင်သွားခံခဲ့ရပါတယ်။
ရဲတွေကိုအလင်းအမှောင်စမ်းသပ်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ ပြီ့း  ရဲတွေက ကင်မရာထဲကို စစ်ဆေးချိန်မှာ ဘာတခုမှ မတွေ့ခဲ့ကြပါဘူး။ တာဝန်ရှိသူတွေက ခုလို ရှေးဟောင်းနယ်မြေတွင်းမှာ ရှက်စရာကောင်းတဲ့အပြုအမူမျိုးမလုပ်ဖို့ သတိပေးခဲ့ပြီး ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ် ။
သူတို့ဟာ ဟိုတယ်ပြန်ရောက်တာနဲ့ ရိုက်ကူးပြီး ဖျက်ခဲ့တဲ့ပုံတွေကို အဆင့်မြင့်ဆော့ဖ်ဝဲတမျိုး အသုံးပြုပြီး ပြန်လည်ရယူနိုင်ခဲ့ပါတယ် ။
နောက်ဆုံးမှာ Marisa Papen ရဲ့ အီဂျစ် ကိုယ်လုံးတီး အနုပညာပြကွက်တွေကို ပြသခွင့်ရခဲ့ပြီလို့လဲ သိရပါတယ် ။
credit:lwin pyin