BEC-TERO TV

ဖိလစ်ပိုင်ယူ(၁၈)အသင်းကို (၇)ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မြန်မာယူ(၁၈)အသင်း

13 Sep 2017     1,360 Views


(၂၀၁၇) AFF U-18 Championship အုပ်စု(ခ)ပွဲစဉ်အဖြစ် မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာယူ(၁၈) အသင်းနဲ့ ဖိလစ်ပိုင်ယူ(၁၈)အသင်းတို့ပွဲစဉ်မှာ မြန်မာယူ(၁၈)အသင်းက (၇)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာယူ(၁၈)အသင်းဟာ ပထမပိုင်းမှာ ဂိုးရဖို့ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာ လူစားလဲမှုမှန်ကန် စွာနဲ့ (၇)ဂိုးထိသွင်းယူခဲ့ပါတယ်။ ယခုပွဲစဉ်မှာလည်း တိုက်စစ်က ၀င်းနိုင်ထွန်းက အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး (၃)ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ ယခုနိုင်ပွဲကြောင့် ဆီမီးဖိုင်နယ်ကိုတက်ရောက်ဖို့ မျှော်လင့်ခွင့် ရှိလာခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကို အနိုင်ရရှိပါက ဆီးမီးဖိုင်နယ်ကိုတက်ရောက်နိုင်မှာဖြစ်ပါ တယ်။

မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ဘရူနိုင်း၊ ဖိလစ်ပိုင်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ နောက်ဆုံးပွဲစဉ်မှာ ဗီယက်နမ်အသင်းကိုသာ အနိုင်ရရှိဖို့ လိုအပ်တော့တာဖြစ်ပါတယ်။ မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ပွဲစဉ်ဟာ စက်တင်ဘာလ(၁၃)ရက်နေ့ ညနေ(၆) နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး for SPORTS ရုပ်သံလိုင်းနဲ့ Pyone Play facebook page တို့ကနေ တိုက်ရိုက် ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။ မနေ့ကပဲအုပ်စု(ခ)ရဲ့နောက်ထပ်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ကစား ခဲ့ပြီး ဗီယက်နမ်အသင်းက(၃)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။

ဗီယက်နမ်အသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ်(၉) မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အင်ဒိုနီးရှားအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဘရူနိုင်း အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဂိုးပြတ်အနိုင်ရရှိပါက ဆီးမီးဖိုင်နယ်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ မြန်မာတို့ပွဲစဉ်ကတော့ အနိုင်ရရှိတဲ့အသင်းက ဆီမီးဖိုင်နယ်တက်ရောက်နိုင်မှာဖြစ်ပြီး သရေကျပါက ဗီယက်နမ် အသင်းက တက်ရောက်သွားမှာဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းတို့ပွဲစဉ်ကတော့ စက်တင်ဘာလ(၁၃)ရက် နေ့လည်(၃)နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး for SPORTS ရုပ်သံလိုင်းနဲ့ Pyone Play facebook page တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသပေးမှာဖြစ်ပါတယ်။


13 Sep 2017     1,360 Views




RELATED

Most Popular of Football

Most Popular of Sport