BEC-TERO TV

ရန်ကုန်−ချောင်းသာ မိုးပျံလမ်း တည်ဆောက်တော့မည်

13 Sep 2017     1,353 Views


ရန်ကုန်မှ ချောင်းသားသို့ အချိန် တစ်နာရီခွဲခန့်အတွင်း လွယ်ကူလျင်မြန်စွာ သွားရောက်နိုင်မည့် ရနကုန်−ချောင်းသာ မိုးပျံလမ်း တည်ဆောက်ရန် တွက်ချက်မှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါမိုးပျံလမ်းတည်ဆောက်ရန် လိုအပ်သော တိုင်းထွာစစ်ဆေး လေ့လာမှုများ ပြုလုပ်ရန် အစိုးရမှ Myanmar Construction & Development Public(MCD) ကုမ္ပဏီကို ခွင့်ပြုထားပြီးဖြစ်ကြောင်းကုမ္ပဏီ၏ ဘုတ်အဖွဲ့အတွင်းရေးမှူး ဦးရဲလင်းက ပြောကြားသည်။

မိုးပျံလမ်းဟု ဆိုရာတွင် မြေပြင်တွင်တိုင်များ စိုက်ထူထားသည့် (Elevated Road) အမျိုးအစားဖြစ်ပြီး အဆိုပါလမ်းဖောက်ရန် ဖြတ်သန်းသွားရမည့်နေရာများ၏ မြေသားခံနိုင်အား အချိန်အနည်းဆုံးနဲ့ ရောက်နိုင်မည့်လမ်းအူကြောင်းနှင့် အဆိပြါလမ်းက ပြည်သူများအတွက် တစ်ကယ် အကျိုးထိရောကမှုရှိ မရှိတို့ကို စတင်လေ့လာရန် ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း ဦးရဲလင်းက ဆိုသည်။

Myanmar Construction & Development Public(MCD) ကုမ္ပဏီနှင့်အတူ ကိုးရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် KECC က ပူးပေါင်းဆောင်ရွက်နေပြီး လမ်းအူကြောင်းရှာဖွေမှုကို ဂြိုလ်တုမှတစ်ဆင့် စတင်ရှာဖွေလုပ်ကိုင်နေပြီဖြစ်သည်။
အဆိုပါကုမ္ပဏီနှစ်ခု၏ လေ့လာဆန်းစစ်မှုများကို ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းကိုးကား - ဒီမိုကရေစီတူဒေး
 


13 Sep 2017     1,353 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS