ဗိုက်ချပ်/ အဆီကျစေမည့် ဖျော်ရည်များ
09 Jun 2015 1,648 Views
ဗိုက်ချပ်/ အဆီကျစေမည့် ဖျော်ရည်များ မိန်းကလေးတွေအတွက် အင်္ကျီအကျပ်လေးတွေကို ၀တ်လျှင်လှပမှုရှိစေရန် ဗိုက်ချပ်အောင် စွမ်းဆောင်နိုင်တဲ့ ဖျော်ရည်များကို တင်ဆက်ပေးလိုက်ပါတယ်။ ယခုဖော်ပြမဲ့ဖျော်ရည်တွေက ဗိုက်မှာရှိတဲ့အဆီပိုတွေကို ချေဖျက်ပေးရုံမျှမက တစ်ကိုယ်လုံးမှာရှိတဲ့အဆီပိုတွေကိုပါ လျှော့ချပေးမှာဖြစ်ပါတယ်။ အသင့်ဝယ်ယူသောက် သုံးနိုင်တဲ့ ဖျော်ရည်တွေထက်စာရင် သဘာဝသစ်သီးများကို ကိုယ်တိုင်ဖျော်သောက်ခြင်းက ပိုမိုထိရောက်ကာ ကျန်းမာရေးနဲ့ပိုမိုညီညွတ်ပါတယ် ၁။ သရက်သီးဖျော်ရည် ပါဝင်ပစ္စည်းများ သရက်သီးအတုံးလေးများ - ခွက် ၄ပုံ၁ပုံ ချေထားသော ထောပတ်သီး - ခွက် ၄ပုံ၁ပုံ No Fat ဒိန်ချဉ် - ခွက် ၄ပုံ၁ပုံ ရှောက်ရည် - ၁ tsp သကြား - ၁ tsp ရေခဲတုံး - ၆ တုံး ပြုလုပ်ပုံ ပါဝင်ပစ္စည်းများအား Blender (ကြိတ်စက်) ထဲထည့်ကာ သရက်သီးများကြေသည်အထိကြိတ်ပါ။ သရက်သီးများ ကြေသွားပါက ဖန်ခွက်ထဲထည့်ကာ သောက်သုံးနိုင်ပါပြီ။ ၂။ မြေပဲထောပတ် (Peanut Butter) နှင့် ငှက်ပျော်သီး ဖျော်ရည် ၃။ နွားနို့နှင့် ဘလူးဘယ်ရီသီး ဖျော်ရည် ပါဝင်ပစ္စည်းများ အဆီထုတ်ထားသောနွားနို့ - ၁ခွက် ခဲထားသောဘလူးဘယ်ရီ (Frozen Blueberry) - ၁ခွက် သံလွင်ဆီ - ၁ tsp ပြုလုပ်ပုံ - နွားနို့နှင့်ဘလူးဘယ်ရီသီးများကို မွှေစက်ထဲတွင် ၁မိနစ်ခန့်ထည့်မွှေပါ။ ထို့နောက် ဖန်ခွက်ထဲထည့်ပြီး သံလွင်ဆီကိုထည့်မွှေပါ။ အရသာရှိသော ဖျော်ရည်ကို သောက်သုံးနိုင်ပါပြီ။ ၄။ သစ်တော်သီးဖျော်ရည် ပါဝင်ပစ္စည်းများ အဆီထုတ်ထားသောနွားနို့ - ၁ခွက် သစ်တော်သီး - ခွက် ၁ခွက် သံလွင်ဆီ - ၂ tsp ရေခဲတုံး - အနည်းငယ် ပြုလုပ်ပုံ - နွားနို့၊ သစ်တော်သီးနှင့် ရေခဲတုံးတို့ကို မွှေစက်ထဲထည့်ကာ ၁မိနစ်ခန့်မွှေပါ။ ထို့နောက်သံလွင်ဆီကို ထည့်ကာ သုံးဆောင်နိုင်ပါပြီ။ ၅။ ဒိန်ချဉ်နှင့် လိမ္မော်သီးဖျော်ရည် ပါဝင်ပစ္စည်းများ ပဲနို့ - ၁ခွက် ဒိန်ချဉ် - ၆ အောင်စ လိမ္မော်သီး - ၁လုံး သံလွင်ဆီ - ၁ tsp ရေခဲတုံး - အနည်းငယ် ပြုလုပ်ပုံ - လိမ္မော်သီးအား အပေါ်မှအဖြူရောင်အမျှင်များ၊ အခွံများကို နွှာထားပါ။ ထို့နောက်သံလွင်ဆီကိုဖယ်ထားပြီး ကျန်ပစ္စည်းများကို မွှေစက်ထဲရောမွှေပါ။ ထို့နောက်မှ ဖန်ခွက်ထဲထည့်ကာ သံလွင်ဆီရောပြီး သောက်သုံးနိုင်ပါသည်။ ၆။ ဒိန်ချဉ်နှင့် ဘလူးဘယ်ရီသီးဖျော်ရည် ၇။ ချောကလက်နှင့် Raspberry ဖျော်ရည်