ချစ်သူကို ၁၄သိန်းတန်HERMES ခါးပါတ်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ ပတ်ထရစ်ရှာ
07 Sep 2017 1,657 Views
သရုပ်ဆောင် မင်းသမီးချော ပတ်ထရစ်ရှာ ဟာ ချစ်သူဟာ နိုင်ငံခြားသားဖြစ်တယ်လို့ ပရိတ်သတ်တွေက်ု မသိပေးထားပြီးလဲ ဖြစ်ပါတယ်။ ချစ်သူဟာ နိုင်ငံခြားသားဖြစ်ပေမယ့် ဘုရားသွားတယ် ဘုရားရှိခိုးတယ် မြန်မာဝတ်စုံလဲ ၀တ်တက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ် လို့ပြောထားပါတယ် ။
August 28 မှာကျရောက်ခဲ့တဲ့ ချစ်သူ မွေးနေ့မှာလဲဘုရားသွားချင်တယ် လိုက်ပို့ပေးပါဆိုလို့ မြန်မာဝတ်စုံဝတ်ပြီး ဘုရားတူတူသွားဖြစ်တယ် ဘုရားရောက်တော့ ကိုယ့်လုပ်သလိုပဲ အကုန် လိုက်လုပ်တယ် ဘုရားရှိခိုးတယ် ဒီလိုလေးတွေကြောင့် ကြည်နူးရပါတယ်လို့ ပြောထားပါတယ်။
မွေးနေ့အစီအစဉ်ကိုလည်း ” အဲ့ဒိနေ့က ဘုရားသွားတယ် ပြီးတော့ ဒင်နာစားကြတယ် သူ့အတွက် ကိတ်မုန့်သေးသေးလေး နဲ့ Birthday Song လေးဆိုပေးတယ် ပြီးတော့ မွေးနေ့လက်ဆောင်မပေးဘူးလို့ ပြောထားပေမယ့် သူ့မွေးနေ့မှာ သူကြိုက်တဲ့ အရာလေး မွေးနေ့လက်ဆောင်ပေးခဲ့တယ် ”
သူက ခါးပတ် လေးတွေကြိုက်တယ် အဲ့ဒါကြောင့်မို့ သူကြိုက်တက်တဲ့ ပုံစံမျိုးလေး ပဲ Hermes ခါးပတ်လေးပဲ လက်ဆောင်ပေးခဲ့တယ် သူက ခါးပတ်ဆိုရင် အဲ့ Brand ကိုကြိုက်ပေမယ့် အရှေ့က H ပုံစံ အတုံးလိုက်အတစ်လိုက်ကြီး ဖြစ်နေတာ ကို မကြိုက်ဘူး အဲ့ဒါကြောင့် သူကြိုက်တဲ့ပုံစံမျိုးလေး ရှာပြီး လက်ဆောင်ပေးခဲ့တာ ပါ” ပြောထားပါတယ် ။
သူမ လက်ဆောင်ဝယ်ပေးတဲ့ Hermes တံဆိပ် ခါးပတ်က လက်ရှိမှာ မြန်မာငွေ ၁၄ သိန်း ရှိတယ် လို့ လည်း သိရပါတယ်။
credit:celewiki