ARSA အကြမ်းဖက်သမားများ၏ ငရဲခန်းမှ လွှတ်မြောက်ခဲ့ရသူ၏ ဖြစ်ရပ်မှန်
04 Sep 2017 1,312 Views
“ကျွန်မကိုသေနတ်နဲ့ပစ်တော့ ဘယ်ဘက်ရင်အုံကိုမှန်တယ်၊ ဒဏ်ရာရပြီးသေပြီလို့ ယူဆပြီးထားခဲ့တာပါ။ စည်ပိုင်းထဲ ဝင်ပုန်းနေတဲ့ ကလေးနှစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်လည်း လွတ်သွားပါတယ်”
မကော်မာလာ
ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံ၏ ပြင်ပလူနာကုသဆောင် လူနာ ခုတင်ပေါ် တွင် အသက် ၂၅ နှစ်အရွယ် ဟိန္ဒူဘာသာဝင် မကော်မာလာ တစ်ယောက် လဲလျောင်းနေကာ သူ၏နံဘေးတွင် အသက် ၅ဝ အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် အသက် ၃ နှစ်ခွဲ အရွယ် ကလေးငယ် တစ်ဦးတို့ လူနာစောင့်အဖြစ် ရှိနေသည်။
သတင်းမီဒီယာသမားများ သူ့နံဘေးရောက်ချိန်တွင်တော့ သူနာပြု ဆရာမနှစ်ဦး၏ အကူအညီဖြင့် မကော်မာလာက လူနာခုတင်ပေါ်တွင် ထိုင်ကာ စကားပြောလိုက်သည်။
''ကျွန်မရဲ့မိသားစုတွေ ပါသွားတယ်။ ကျွန်မရဲ့ မိသားစုမှာ ကျွန်မယောက်ျားရယ်၊ ကျွန်မရဲ့ ကလေးတစ်ယောက်ရယ် အသတ်ခံရပါတယ်။ နောက် ကျွန်မရဲ့ယောက်မနဲ့ သူရဲ့ ယောက်ျားရယ် စုစုပေါင်းခြောက်ယောက် အသတ်ခံခဲ့ရ ပါတယ်။ အဲ့ဒီအထဲမှာ ကျွန်မကဒဏ်ရာရပြီး လွတ်လာတာ။''
ဟိန္ဒူဘာသာစကားဖြင့် ပြောခြင်းဖြစ်သော်လည်း သူနာပြုဆရာမက မကော်မာလာ ပြောပြသည့်စကားများကို ဘာသာပြန်ပေးသည်။
သြဂုတ် ၂၆ ရက် ည ၁၁ နာရီခန့်တွင် မကော်မာလာနှင့် ဟိန္ဒူဘာသာဝင် မိသားစု ၁ဝ ဦးသည် မြင်းလွတ်မြို့မှ မောင်တောမြို့သို့ပြန်လာစဉ် မြို့သူကြီးကျေးရွာ အနီး ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ဆဲ မောင်တောခရိုင်တရားရုံးပေါ်သို့ တက်ပြေးပုန်းရှောင်ခဲ့ သည်။
ထိုသို့ ပုန်းရှောင်စဉ် ကြိုတင်ရောက်ရှိနေသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ် မှုကြောင့် ဟိန္ဒူ ဘာသာဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် ကလေးသုံးဦးတို့မှာ နေရာတွင်ပင်သေ ဆုံးခဲ့ရသည်။
မကော်မာလာနှင့် အခြား အမျိုးသမီးတစ်ဦး၊ ကလေးငယ် နှစ်ဦးမှာ လွတ်မြောက် ခဲ့သော်လည်း ပစ်ခတ်မှုကြောင့် မကော်မာလာမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။
မကော်မာလာက “အဲ့ဒီဆောက်လက်စ အဆောက် အအုံထဲမှာ ကြိုတင်ပြီးရောက်နေတဲ့ အစွန်းရောက်အကြမ်း ဖက်သမား ၁ဝဝ ကျော်လောက် ရှိပါတယ်။ ကျွန်မတို့ အဲဒီထဲကို ဝင်ပြီးပုန်းတဲ့အချိန်မှာ အကြမ်းဖက် သမားတွေကလာပြီးတော့ ပစ်တာပါ''ဟု ဆိုသည်။
ဆောက်လက်စ အဆောက်အအုံပေါ်တွင် ရောက်ရှိနေသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် အမည်းရောင်ဘောင်းဘီ၊ အင်္ကျီနှင့် ခေါင်းစွပ်များစွပ်ထားပြီးအချို့တစ်ဝက်က ပုံမှန်အဝတ် အစား များ သာ ဝတ်ဆင်ထား သည်ဟု အနည်းငယ်လှုပ်ရှား၍ ရနိုင်သည့် ညာဘက် လက် တစ်ဖက်ကို လှုပ်ရှားကာ ဟိန္ဒူဘာသာစကားဖြင့် သတင်းမီဒီယာ များ၏ မေးမြန်းမှုကို မကော်မာလာက သွက်သွက်ကလေး ဖြေကြားပေးနေ သည်။
''အချို့တစ်ဝက်က လက်ထဲမှာ တုတ်တွေ၊ ဓားတွေ အချို့က သေနတ်တွေနဲ့ သူတို့အားလုံးမှာ လက်နက်တွေပါတယ်။''
အစွန်းရောက် အကြမ်းဖက်သမားများသည် မကော်မာလာ ၏ရှေ့တွင်ပင် ¤င်း၏အမျိုးသားနှင့် သားအပါအဝင် သူ၏ဆွေမျိုး များကိုသေနတ်နှင့်ပစ်၊ “ဓားနှင့်ခုတ်ခြင်းများကို ပြုလုပ်ခဲ့ပြီး မကော်မာလာကိုလည်း သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
မကော်မာလာအား အကြမ်းဖက်သမားများက သေပြီဟု ယူဆကာ ထားခဲ့ခြင်းဖြစ်ပြီး မကော်မာလာနည်းတူတရားရုံး အတွင်းရှိ စည်ပိုင်း အတွင်း သို့ ဝင်ရောက်ပုန်းအောင်းနေခဲ့ သည့်အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်နှစ်ဦးလည်း လွတ်မြောက် ခဲ့သည်ဟု အစွန်းရောက် အကြမ်းဖက် သမားများ၏ အသက် အ္တရာယ်မှ လွတ်မြောက်လာပုံကို မကော်မာလာကပြောသည်။
''ကျွန်မကို သေနတ်နဲ့ပစ်တော့ ဘယ်ဘက်ရင်အုံကို မှန်တယ်။ ဒဏ်ရာရပြီးသေပြီလို့ ယူဆပြီး ထားခဲ့တာပါ။ စည်ပိုင်း ထဲဝင်ပုန်းနေတဲ့ ကလေးနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် လည်း လွတ်သွားပါတယ်။ ကျွန်မရယ်၊ အဲဒီကလေးလေးရယ်၊ နောက် အမျိုးသမီးတစ်ယောက်ရယ်၊ နောက်ထပ် ကလေး တစ်ယောက်ရယ် ပါပါတယ်။ အားလုံးပေါင်း ကလေးနှစ်ယောက် ပါ ပါရင် လေးယောက် လွတ်လာတာပါ''ဟု မကော်မာလာက နံဘေးတွင်ထိုင်နေသည့် အသက်သုံးနှစ်ခွဲအရွယ် သားငယ်ကို ကြည့်ရင်းပြောသည်။
မကော်မာလာသည် အစွန်းရောက် အကြမ်းဖက်သမားတို့ သတ်ဖြတ်မှုမှ လွတ်မြောက်လာသော်လည်းသူ့မိသားစုများ ကို ဆုံးရှုံးခဲ့ရပေပြီ။
မကော်မာလာအားဆေးကုသပေးနေသည့် ဆရာဝန်ကြီးက ''ဘယ်ဘက် ရင်အုံကိုသေနတ်က ရှပ်ထိသွားတာပါ။ ရင်အုံက ပြတ်သွားတယ်။ ဒီအတွက်ကြောင့် ဘူးသီးတောင် ဆေးရုံကို ရောက်လာတာဖြစ်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေက ကုသ ပေးနေတယ်။ အခုအချိန်မှာ သူ့ရဲ့ဒဏ်ရာတွေ ပိုမိုတိုးတက် ကောင်းမွန်အောင် စစ်တွေဆေးရုံကို ဒီနေ့ပဲ လွှဲပေးမယ်''ဟု ဆိုသည်။
ဆောက်လက်စ နှစ်ထပ်ဆောင် မောင်တောမြို့၊ ခရိုင် တရားရုံးသည် တိတ်ဆိတ်လျက်ရှိနေပြီး အဆောက်အအုံ၏ တစ်ဖက်တစ်ချက်တွင် သေနတ်ကိုင်ကာ အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင် များရှိနေသည်။ ခရိုင်တရား ရုံး၏ ရှေ့ဆင်ဝင်အောက်တွင်မူ အနီရောငှ်ကမ် ယာဉ်တစ်စီး ရပ်ထားပြီး ယာဉ်၏ရှေ့နောက်နှင့် ဘေးဘက်မှန်အားလုံး ရိုက်ခွဲခံထားရသည်။ ကားမှန်စများက ကွန်ကရစ်ခင်းထားသည့် လမ်းမပေါ် မှာ ပြန့်ကျဲလျက်….။
သြဂုတ် ၂၆ ရက်က ဆောက်လက်စ ခရိုင်တရားရုံးတွင် အစွန်းရောက် အကြမ်းဖက် သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ဟိန္ဒူ ဘာသာဝင် များ၏ ရုပ်အလောင်းကို သယ်ဆောင်ခဲ့သူ မောင်တောမြို့နယ် ဆေးရုံဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်းက ယခုလိုပြော သည်။
''ဟိန္ဒူမိသားစုဝင်ခြောက်ဦး အသတ်ခံရတာမှာ ကလေး ငယ်တွေပါတယ်။ တော်တော်သနားဖို့ ကောင်းတယ်။ အသက် ၅ နှစ်၊ ၇နှစ်၊ ၉ နှစ် ကလေးတွေ သေဆုံးသွားတယ်။ ရက်ရက် စက်စက်ပါပဲ''ဟု ဒေါက်တာ ကျော်မောင်မောင်သိန်းက ပြောသည်။
သြဂုတ် ၂၅ ရက်မတိုင်မီအထိ မောင်တောမြို့ပေါ်တွင် အသားအရောင်၊ ဘာသာစကား မတူညီသည့် ဈေးရောင်း၊ ဈေးဝယ်များ၊ ကျောင်းသား၊ ကျောင်းသူများဖြင့် သွားလာ လှုပ်ရှားစည်ကားနေခဲ့သည်။
သြဂုတ် ၂၅ ရက် နံနက် ပိုင်းမှစတင်၍ARSA အစွန်း ရောက်အကြမ်းဖက် သမားများသည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အတွင်းရှိ ရဲကင်း ၃ဝ နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ၏ အသက်များဆုံးရှုံးခဲ့ရသည်။ARSA အစွန်းရောက် အကြမ်းဖက်သမားများကား တည်ငြိမ် အေးချမ်းရန် အစပြုနေသော ရခိုင်ပြည် နယ်ကို ထပ်မံ ဖျက်ဆီးခဲ့ပေသည်။
အကြမ်းဖက်တိုက်ဖျက်ရေးသည် ကမ္ဘာ့မိသားစုဝင် ပြည်သူများ၊ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့ အစည်း များ ၊ နိုင်ငံတကာ အစိုးရ များ စသည်တို့ အားလုံး၏ ဘုံအကျိုး စီးပွားဖြစ်သည့်အတွက် အစွန်းရောက် အကြမ်းဖက် သမား များနှင့် ၎င်းတို့နှင့် ပတ်သက်သည်များကို ဆန့်ကျင် တိုက်ဖျက်သွားရန် အထူးပင်အရေးကြီးပါသည်။
သို့အတွက် ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများအပြင် တစ်နိုင်ငံလုံးက အကြမ်းဖက်အ္တရာယ်မှ တုံ့ပြန်ချေမှုန်းနိုင်ရေး၊ တည်ငြိမ်အေးချမ်းရေး တို့အတွက် ပူးပေါင်းကူညီဆောင်ရွက် ပေးကြရတော့မည်ဖြစ်သည်။
ဟိန္ဒူဘာသာဝင် အမျိုးသမီး မကော်မာလာတစ်ယောက် ဘူးသီးတောင်ပြည် သူ့ဆေးရုံ ပြင်ပလူနာဆောင်၏ ဆေးရုံ ခုတင် ထက်တွင် ကျန်ခဲ့လေပြီ။ မကော်မာလာ၏ မျက်လုံးများကာ အသက်ရှင် ကျန်နေသေး သည့် သုံးနှစ်ခွဲအရွယ် သူ၏ သားငယ်အား စိုက်ကြည့် လျက်…။
ဆောင်းပါး--ရဲခေါင်ညွန့်
MOI