New York Fashion Week တက်ဖို့ မြန်မာနိုင်ငံမှ ပထမဆုံး ဖိတ်ကြားခြင်းခံရတဲ့ Beauty Blogger နေခြည်ဦး
01 Sep 2017 1,359 Views
လတ်တလော လူငယ်တွေကြားရေပန်းစားနေတဲ့ Beauty Blogger နေခြည်ဦးက New York Fashion Week ပွဲကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတဲ့အတွက်စက်တင်ဘာလ ၅ ရက်နေ့မှာ နယူးယောက်မြို့ကိုသွားမယ်လို့သိရပါတယ်။
"Maybelline Newyork က နေခြည့်ကိုတရားဝင်ဖိတ်ကြားတဲ့အတွက်နေခြည်သွားရမှာဖြစ်ပါတယ်။ မြန်မာပြည်ကိုဖိတ်တာ သူတို့ရဲ့သမိုင်းတစ်လျှောက်မှာဒါက ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။
နေခြည်အရမ်းလည်းပျော်သလို အရမ်းလည်းစိတ်လှုပ်ရှားပါတယ်။Beauty Blogger ဖြစ်တဲ့ ၆ လအတွင်းမှာ တကယ့်ကိုသမိုင်းတွင်မယ့်ကိစ္စပါ။ ကိုယ်အားကျတဲ့ Make Up Artists တွေ Beauty Blogger တွေနဲ့လည်းတွေ့ရမှာဖြစ်တဲ့အတွက် အရမ်းလည်းရင်ခုန်ပါတယ်"လို့ ပြောထားပါတယ် ။
credit :sunday journal