မွေးနေ့မှာ မိန်းမပျိုတစ်ဦးအဖြစ်ပြန်လည် မွေးဖွားလာပြီဆိုတဲ့ မျိုးကိုကိုစန်း
01 Sep 2017 1,414 Views
Miss International Queen Myanmar 2015 ဂေး အလှမယ် မျိုးကိုကိုစန်းဟာ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ထဲက လိင်ပြောင်းလဲဖို့ အစီအစဉ်ရှိပေမယ့် ယနေ့ သူရဲ့ ၂၃ နှစ်ပြည့် မွေးနေ့မှာ မှာ ခွဲစိတ်မှု အောင်အောင်မြင်မြင်ပြီးသွားပြီလို့လဲ သိရပါတယ် ။ သူမရဲ့ အကောင့်မှာလဲ “၂၃နှစ်ပြည့် မွေးနေ့မှာ မိန်းမပျိုတစ်ဦးအဖြစ်တစ်ဖန် မွေးဖွားခြင်းပေါ့
Operationပြီးပါပြီ ဆေးရံပေါ်မှာမို့ BD wish တွေ reply မပြန်နိုင်ခဲ့ရင်
ခွင့်လွတ်ပါ” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ် ။
လိင်ပြောင်းလဲပြီးပေမယ့် အိမ်ထောင်ပြူဖို့တော့ လိုပါသေးတယ် ။ စဉ်းစားဖြစ်ရင်တောင် အသက် ၃၀ လောက်မှ စဉ်းစားမယ် အနာဂတ်ဆိုတာတော့ ကြိုပြောလို့ မရသေးပါဘူး တစ်ယောက်တည်းနေဖြစ်ချင်လည်းနေဖြစ်မယ် ။ ကိုယ့်အနေနဲ့ အနုပညာအလုပ်မှာ နေရာတစ်နေရာမပြောနဲ့ နေရာအစလေးတောင်တစ်ခုရအောင်ကြိုးစားရပါအုံးမယ် ။ လတ်တလော အချစ်ရေးကတော့ အေးဆေးပါပဲ လို့ ပြောထားပါတယ် ။