အချစ်ရေးကို အမေကတော့ တအားစိတ်ချမ်းသာနေတယ် ဆိုတဲ့ ထွန်းထွန်း
31 Aug 2017 1,428 Views
ပွဲခံမယ် ဇာတ်ကားနဲ့ အောင်မြင်မှုရရှိနေတဲ့ အကယ်ဒမီ ထွန်းထွန်းရဲ့ အချစ်ရေးကတော့ ပရိတ်သတ်တွေ အထူးစိတ်ဝင်စားနေကြပါတယ် ။ အချစ်ရေးနဲ့ ပတ်သတ်ပြီး ထွန်းထွန်းက “အိမ်ထောင်ပြုရမယ့်အသက်အရွယ်တော့ ရောက်နေပါပြီ ဒါပေမယ့် ရှေ့မှာ ကိုစိုင်း ၊ ကိုနေတိုး တို့တောင်မှ မထွက်သေးတဲ့ ကားတွေရှိနေတာ ကျွန်တော် ကျော်မတက်ချင်ဘူး ။ ကိုခန့်စည်သူဆိုရင် ကျွန်တော်တို့ ရဲ့ ဦးစီးဦးဆောင်ရပ်ထားတဲ့ ကားကြီးပေါ့ ။ ကျွန်တော် ဒီ လူပျိုကြီးတွေကို ကျော်မတက်ချင်ဘူး respect ရှိတယ်လေ ။
ပြောရရင် အချစ်ရေး အချစ်ရာထက် ကျွန်တော်ရဲ့ အလုပ်ရေး အလုပ်ရာက ပိုအရေးကြီးပါတယ် ။ ကျွန်တော် ပိုပြီးတော့ ကြိုးစားနေတယ် ။ အခုက အလုပ်ကြိုးစားနေတဲ့ အချိန်ပါ ။ ဒါကြောင့် အဲ့ဒါတွေကိုနည်းနည်းဘေးဖယ်ထားတယ် ။ အမှန်အတိုင်းပြောရရင် ရည်းစားထားဖို့တောင် တကယ်ကို အချိန်မရှိပါဘူး ။ ရည်းစားထားရင် အချိန်ပေးရတယ်လေ ။ အချိန်မပေးနိုင်ရင် အဆင်မပြေဘူး ။ အဆင်မပြေရင် ပြတ်တယ် ပြတ်ရင်စိတ်ညစ်ရတယ် ။ မထားဖြစ်တော့ စိတ်မညစ်ရတော့ဘူး ။ အမေ ကတော့ သိပ်စိတ်ချမ်းသာနေတယ် ။အဲ့ဒါကြောင့်နေရာတိုင်း စိတ်ချပြီး တစ်ယောက်ထဲလွှတ်တယ်” ဆိုပြီးပြောသွားခဲ့ ပါတယ် ။
credit:oasis