BEC-TERO TV

ဖေဖေ မင်းမော်ကွန်းက ငါတို့ကိုအရှက်မခွဲနဲ့လို့ ပြောလိုက်တဲ့ သားမောင်မင်းမြတ်

30 Aug 2017     1,500 Views


ဝါရင်း သရုပ်ဆောင်ကြီး ဇင်ဝိုင်းရဲ့ မြေးကြီး သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းတို့ရဲ့ သားကြီး ဖြစ်တဲ့ ကလေး သရုပ်ဆောင် မောင်မင်းမြတ်က အဘိုးအဖေ တို့ရဲ့ ခြေရာ နင်းလာပြီလဲ ဖြစ်ပါတယ် ။ အခုဆိုရင် ဆယ်လီ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်တော့မှာလဲ ဖြစ်ပါတယ် ။

ဆယ်လီ ရုပ်ရှင်ကားကြီးမှာ ရှစ်တန်းကျတဲ့ ကျောင်းသားတစ်ယောက် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပထမဦးဆုံး ရိုက်တဲ့ ရုပ်ရှင်ကားကြီးဖြစ်တဲ့ အတွက် မတွေ့အကြုံလဲ နည်းသေးတော့ ရိုက်ကူးမှုမှာ အခက်အခဲတွေတော့ ရှိပါတယ် ။

ဒီဇာတ်ကားရိုက်မယ်ဆိုတော့ အဖေ က စိတ်လှုပ်ရှားသွားခဲ့တယ် ။ ကျွန်တော့ကို ပြောတာကတော့ ငါတို့ကို အရှက်မခွဲနဲ့လို့ ပြောတယ် ။ ဇာတ်ကားရိုက်ကူးရန်အတွက် အိုက်တင်ပိုင်းတွေ တစ်ယောက်တည်းအိမ်မှာလေ့ကျင့်တဲ့ အခါမျိုးကျရင်တော့ အဖေ က အနားကိုလာပြီး အကဲခတ်တယ် ။ အကြံလည်းပေးပါတယ် ။

ကျောင်းအားတဲ့ အချိန်တွေတုန်းကဆိုရင် အဖေ့ ရိုက်ကွင်းတွေကိုလိုက်သွားပြီး အဖေ ရိုက်တဲ့ ဒရမ်မာတွေကို အရမ်းကြိုက်တယ် ။ အဖေ့ ဒရမ်မာကားတွေကို ကြည့်ပြီး အားကျခဲ့တယ် ။ အဲ့ဒါကြောင့် ဒရမ်မာကားတွေကို လုပ်ရမှာကို ပိုပြီး စိတ်ပါတယ် ။ ကျွန်တော်ကတော့ ဒရမ်မာဇာတ်ကားတွေကို ပိုရိုက်ချင်တယ် ။ အဖေ ကတော့ ဟာသ ကားတွေ ရိုက်စေချင်တယ် ။ အဘိုးကတော့ ဘာလုပ်လုပ်အမြဲ အားပေးတယ်လို့ ကလေးသရုပ်ဆောင် မောင်မင်းမြတ် က ပြောသွားခဲ့ ပါတယ် ။


30 Aug 2017     1,500 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment