BEC-TERO TV

ချစ်သူ ရဲရင့်အောင်ရဲ့ အတိတ်အကြောင်းကိုလုံးဝ စိတ်မ၀င်စားဘူးဆိုတဲ့ ဧငြိမ်းဖြူ

29 Aug 2017     1,595 Views


၂၀၁၃ ခုနစ်ထဲက သူငယ်ချင်းတွေ ဖြစ်ခဲ့ ကြတဲ့ အဆိုတော်ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူ တို့ဟာ လက်ရှိမှာ ချစ်သူတွေလို့ တရားဝင်ကြော်ငြာ ထားပြီးပြီလဲဖြစ်ပါတယ် ။

ချစ်သူသက်တမ်းက ၆လကျော် ၇ လနီးပါး ဖြစ်နေတဲ့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ် ခင်မင်ခဲ့တာလဲ ကြာနေပြီဖြစ်ပါတယ် ။ သူဘယ်လို လူမျိုးဆိုတာ ညီမ အသိဆုံးပါ ။ လူဆိုတာတော့ အတိတ်ဆိုးတစ်ခုခုတော့ရှိခဲ့မှာပဲလေ ။ သူ့ရဲ့ အရင်က အတိတ်တွေကို ညီမ လုံးဝ စိတ်မ၀င်စားပါဘူး ။ သူ့ကိုလက်ခံနိုင်လောက်တဲ့ အခြေအနေမို့လို့ လက်ခံလိုက်တယ် ။ အခုမှတရားဝင်တွဲဖြစ်တယ်ဆိုတာကလည်း အရှေ့မှာ အကြောင်းအရာလေးတွေ နည်းနည်းရှိခဲ့တယ် ။ မိဘအုပ်ထိန်းမှုအောက်မှာရှိနေတဲ့ ညီမအတွက် စိတ်ဆန္ဒတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး ။ facebook ပေါ်ပဲ မတင်တာပါ ညီမတို့ အပြင်သွားလဲ လွတ်လွတ်လပ်လပ်ပဲသွားတာ အပြင်မှာတွေ့တဲ့ သူတွေလဲသိပါတယ် ။ထွေထွေထူးထူးဖုံးကွယ်ထားတာတွေ မရှိပါဘူး ။

တစ်ယောက်နဲ့ တစ်ယောက် အလုပ်တွေကို ၀င်မစွက်ဖက်ဘူး နားလည်မှုယူထားတယ် ။ သူ fan တွေနဲ့ ဘယ်လို ဓာတ်ပုံရိုက်ရိုက်ညီမ မခံစားဘူး အလုပ်နဲ့ပတ်သတ်ပြီး နားလည်မှုပေးထားတယ် ။ ရန်ဖြစ်လဲ ၂၄ နာရီမပြည့်ဘူး ပြန်ခေါ်တယ် ။သူမကြိုက်တာ ကိုယ်မကြိုက်တာတွေကို ညှိယူတယ် ။သူက ညီမ ထက် အများကြီး ပိုသ၀န်တိုတက်တယ် လို့ ပြောသွားခဲ့ပါတယ် ။

credit:popular


29 Aug 2017     1,595 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment