BEC-TERO TV

ချစ်သူရှိပေမယ့် ချစ်သူပုံကိုဝါးထားရတဲ့ အကြောင်းပြောပြခဲ့တဲ့ အေးမြတ်သူ

28 Aug 2017     1,372 Views


အနုပညာလောကမှာအောင်မြင်မှုရနေတဲ့ အေးမြတ်သူ ဟာ ချစ်သူရှိနေပြီလို့လဲ သိရပါတယ် ။ ချစ်သူဟာ အနုပညာလောကထဲက မဟုတ်ပဲအပြင်လူတစ်ယောက်လဲ ဖြစ်တယ်လို့ ပြောထားပါတယ် ။ ချစ်သူနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေကို တင်တက်ပေမယ့် ချစ်သူရဲ့ မျက်နှာကိုတော့ သေသေချာချာပြသခြင်းမရှိသေးပါဘူး ။

“ကိုယ့်အကြောင်းကိုတော့ ပရိတ်သတ်ကို ဖုံးကွယ်စရာမရှိပါဘူး တခါလေ ပုံတွေကို instagram မှာ တင်ဖြစ်ပါတယ် ။ အသက် ၃၅ လောက်ကြရင်တော့ ချစ်သူကို ပရိတ်သတ်ကို အသိပေးပါ့မယ် ။ ဒီကြားထဲ လာဖြစ်မလဲ မသိသေးဘူး ။ လောကကြီးက အမြဲပြောင်းလဲနေတော့ ရည်မှန်းထားပေမယ့် ဖြစ်ချင်မှ ဖြစ်တာလေ ။ ရည်မှန်းချက်တွေ အကောင်အထည်ဖော်တဲ့ နေ့မှ အသိပေးချင်ပါတယ် ။ ပရိတ်သတ်ရှေ့မှာ ချပြပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားမှာ စိတ်ပူတယ် ကြောက်တယ် ။

ချစ်သူအဖြစ်ရွေးချယ်ဖြစ်ခဲ့တာက အဓိကတော့ တအားနားလည်ပေးနိုင်တဲ့ အသိဥာဏ်ရှိတယ် ။ ပညာအရည်အချင်းရှိတယ် ။ ပညာပြည့်စုံတာကို သဘောကျတယ် ။ပညာပြည့်စုံတော့ အမှားအယွင်းနည်းနည်းကင်းတယ် ။ ကိုယ့်ကို နားလည်ပေးတိုင်ပြီး ပညာဥာဏ်ရှိတဲ့ အမျိုးကောင်းသားတစ်ယောက်ပါ” လို့ ပြောသွားခဲ့ ပါတယ် ။


28 Aug 2017     1,372 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment