BEC-TERO TV

အူဝဲကို ကိုယ်ချင်းစာတယ်ကလေးတွေကိုဘာမှ မပြောကြပါနဲ့ လို့ ပြောလိုက်တဲ့ သက်မွန်မြင့်

28 Aug 2017     1,464 Views


မိခင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့်က ဖေ့စ်ဘုတ်ပေါ်မှာ အနုပညာရှင်တွေကို ဝေဖန်တိုက်ခိုက်နေတာတွေနဲ့ ပတ်သတ်ပြီး သူတို့ကို ဝေဖန်တိုက်ခိုက်တာထက် သူတို့ရဲ့ မသိနားမလည်သေးတဲ့ ရင်သွေးငယ်လေးတွေကို ဝေဖန်ပြောဆိုနေတာတွေကိုတော့ မဖြစ်စေချင်ဘူးလို့ ပြောလာခဲ့ပါတယ် ။ ထိုသို့ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးသွားထိုးလို့ ဝေဖန်ခံခဲ့ရတဲ့ အူဝဲ တို့မိသားစုကိုလည်း ကိုယ်ချင်းစာမိကြောင်းကိုလဲ ပြောထားပါတယ် ။ “တခုခု ဖြစ်လာပြီဆိုရင်အဆိုးအကောင်းတော့ရှိတာပေါ့ အင်တာနက်တွေရှိလာတဲ့ အတွက် ပရိတ်သတ်တွေနဲ့ တိုက်ရိုက်နီးပါး လူချင်းမတွေ့ရပေမယ့် ထိတွေ့မှုမြန်တယ် စကားပြောရတယ် ။ အဲ့ဒိအတွက်ကောင်းကျိုးလဲ ရှိတယ် ဒါပေမယ့် အနုပညာရှင်တစ်ယောက်အနေနဲ့ ပရိတ်သတ် သန်းနဲ့ချီပြီး ဆက်ဆံရတယ်ဆက်သွယ်ရတယ် ။ ကိုယ်က ပုံတပုံတင်တယ်ဆိုပေမယ့် သန်းနဲ့ချီတဲ့ လူတွေရဲ့ comment ပေးကြတာလေ ။

ဒီဟာတွေကို အကုန်လိုက်ခံစားနေရရင် ကိုယ်ပဲ သေမှာပဲ ဘယ်လိုလုပ်ခံနိုင်မှာလဲ ဒီသန်းနဲ့ချီတဲ့လူတွေရဲ့ စိတ်ကို။ အိမ်ထောင်စု တခုမှာရှိနေတဲ့ မိသားစုချင်းတွေတောင်မှ စိတ်တွေက တူကြတာမဟုတ်ဘူး ။ ကြိုက်တဲ့ သူ မကြိုက်တဲ့ သူဆိုတာ ရှိတယ် ။သန်းနဲ့ချီတဲ့ လူတွေမှာ ယဉ်ကျေးတဲ့ သူတွေရှိသလို ရိုင်းစိုင်းတဲ့ သူလဲ ရှိတဲ့ အတွက် ကိုယ်တွေက ဒါတွေကို နားလည်နိုင်ရမယ် ပြင်ဆင်တက်ရမယ် ။ ကိုယ့်စိတ်ကို ဒါဘယ်လိုနေရမယ်ဆိုတာ သိပြီးသွားပြီ။ စလုပ်တဲ့ အချိန်တုန်းကသာ ခံစားချက်တွေ ပြင်းပြီး မနေတက်မထိုင်တက် တွေဖြစ်ရင် ဖြစ်မယ် အခုချိန်မှာတော့ နေတက်သွားပြီ ။ဒါပေမယ့် အဓိကြေ့ပာချင်တာက ကလေးတွေကိုလုံးဝမပြောစေချင်ဘူး ။ ဘာမှ မသိနားမလည်တဲ့ကလေးတွေကို ဘာမှ မပြောစေချင်ဘူး ။ မအူဝဲ post ကို မြင်တော့ တအားစိတ်မကောင်းဖြစ်မိတယ် ။ နာတယ်လေနော် ကိုယ့်ကို ဘယ်လောက်ကျိန်ဆဲကျိန်ဆဲ မိဘဆိုတာ ခံနိုင်ရည် ရှိတယ် ။

ဒါပေမယ့် သားသမီး ကို အဲ့ဒိလောက်ကြီးပြောတာကိုတော့ တအားရိုင်းလွန်းတယ်လို့ သက်မွန်ယူဆတယ် မအူဝဲ နေရာမှာလည်း ခံစားနိုင်တယ် ကိုယ်ချင်းစာနိုင်တယ် သူဘယ်လောက်ခံစားရမလဲဆိုတာ ။ မီးမီးလေး ကိုယ်ဝန်နဲ့တုန်းကလည်း ပြောကြတယ် ကိုယ်ဘာမှ မတုံ့ပြန်ခဲ့ဘူး တော်တော်စိတ်ထိခိုက်တယ် ။ အကုန်လုံးလိုက်ခံစားနေရရင် ကိုယ်ပဲ စိတ်ဆင်းရဲ ရတယ် ။ ကိုယ့်မှာရှေ့ဆက် ရမယ့် အနေအထားတွေရှိတယ် ။ ကိုယ့်ကို ချစ်တဲ့ သူတွေ အများကြီးရှိတယ်ဆိုတဲ့ စိတ်နဲ့ပဲ နှစ်သိမ့်ရတယ်။ ဘာပဲဖြစ်ဖြစ် အဆိုးအကောင်းကို လက်ခံတယ် ကလေးတွေ ကိုတော့ ဘာမှ မပြောကြပါနဲ့လို့ပြောချင်ပါတယ်” ဆိုပြီး သူမရဲ့ ခံစားချက်ကို ပြောသွားခဲ့ ပါတယ် ။

credit:popular


28 Aug 2017     1,464 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment