BEC-TERO TV

“ငဘ” ရုပ်ရှင်ဇာတ်ကားကို ကိုရီးယားရုပ်သံလိုင်း KBS က ဝယ်ယူရန်ကမ်းလှမ်း

25 Aug 2017     2,619 Views


၂၀ေ၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် အကယ်ဒမီစာရင်းဝင်ခဲ့သော်လည်း ရုပ်ရှင်ထူးချွန်ဆုနဲ့ လွဲချော်ခဲ့ရသည့် “ငဘ” ရုပ်ရှင်ဇာတ်ကားကို ဝယ်ယူရန် နာမည်ကြီး ကိုရီးယားရုပ်သံလိုင်း KBS မှ ကမ်းလှမ်းထားကြောင်း သိရသည်။

“ငဘ” ရုပ်ရှင်ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုနှင့် လွဲချော်ခဲ့ရသော်လည်း တောင်ကိုရီးယားနိုင်ငံ လွပ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတစ်ကာရုပ်ရှင်ပွဲတော်တွင် ပါဝင်ပြသရန် ကမ်းလှမ်းခြင်း ခံခဲ့ရပြီးနောက် သွားရောက်ပြသခဲ့ရာ မြန်မာလူငယ်မျာမှ ချီးမြှင့်သော အကယ်ဒမီဆုကို ရရှိခဲ့သည်။


အဆိုပါရုပ်ရှင်ပွဲတော်တွင် “ငဘ” ဇာတ်ကားကို ကိုရီးယားစာတန်းထိုး၍ အင်ချွန်းမြို့နှင့် ဟွာဆောင်းမြို့များတွင် ပြသခဲ့ရာ ကြည်ရှုသူများ နှစ်ခြိုက်အားပေးခဲ့ကြောင်းသိရသည်။

ငဘ ဇာတ်ကားကို ကိုရီးယားနိုင်ငံ တီဗီချန်နယ်တစ်ခုကနေပြီးတော့ ဝယ်ဖို့အတွက် စကားကမ်းလှမ်းလာတယ်။ ဒါကတော့ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာပဲလေ။ ကျွန်တော်တို့ဘက်က ကြိုးစားသွားဖို့တော့လိုတယ်။ သူတို့နိုင်ငံရဲ့ လွပ်လပ်ရေးနေ့မှာ ပါဝင်ပြသဖို့အတွက်ကိုလည်း ကျွန်တော်တို့ဘက်က ကမ်းလှမ်းခံခဲ့ရတာပါ” ဟု သရုပ်ဆောင် ကျော်သူကသြဂုတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

ဒါရိုက်တာ ခင်စောမျိုး(အဖေ့ပညာ) ပုံဖော်ရိုက်ကူးခဲ့သော “ငဘ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူ၊ ကျော်ရဲအောင်၊ မင်းဦး၊ နေမျိုးအောင်၊ စိုးမြတ်သူဇာ၊ အေးမြတ်သူနှင့် အခြားသရုပ်ဆောင်များ ပါဝင်ထားကြပြီး သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

“ငဘ” ဇာတ်ကားကို ကိုရီးယားရုပ်သံမှ ဝယ်ယူပြီးပါက ရုပ်သံဇာတ်လမ်းတွဲအဖြစ်ပြသမည်လား သို့မဟုတ် ရုပ်ရှင်ဇာတ်ကားအဖြစ် ပြသမည်လားဆိုတာ သေချာမသိရှိရသေးပေ။

ရုပ်သံဇာတ်လမ်းတွဲအနေနဲ့ပြမလား ဘယ်လိုပြမလဲဆိုတာတော့ မသိဘူး။ ဝယ်တဲ့ရည်ရွယ်ချက်ကတော့ လွပ်လပ်ရေးကို သရုပ်ဖော်တဲ့ ဇာတ်ကားတွေကို သူတို့ကဝယ်တယ်။ လွပ်လပ်ရေးနဲ့ ပက်သက်တဲ့ တော်လှန်ရေးဇာတ်ကားတွေကို ပရိုဂရမ်တစ်ခုအနေနဲ့ ပြဖို့အတွက် အစီအစဉ်လုပ်နေတာပေါ့နော်။ အဲဒါကတော့ သုခမိန်ရုပ်ရှင်ထုတ်လုပ်ရေးက စကားပြောကြတယ်

ဟု ဦးကျော်သူက ပြေဆိုခဲ့သည်။

သတင်းရင်းမြစ်-ဒီမိုကရေစီတူဒေး
 


25 Aug 2017     2,619 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS