BEC-TERO TV

ဇာတိမြေဇာတ်ကားရိုက်ကူးရန် အနုပညာရှင်များ ဂျပန်နိုင်ငံသို့ ထွက်ခွာ

25 Aug 2017     1,819 Views


ဂျပန်-မြန်မာ ပူးပေါင်းရိုက်ကူးမည့် “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားအတွက် အနုပညာရှင်များဖြစ်ကြသော အကယ်ဒမီရန်အောင်၊ အောင်ရဲလင်း၊ အကယ်ဒမီဝတ်မှုံရွှေရည် နှင့် အခြားအဖွဲ့ဝင်များ သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရှိရသည်။

“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကို ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ဦးတည်ကာ MNTV ရုပ်သံလိုင်းနှင့် JIB(Japan International Broadcasting Inc.) တို့မှ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ဒါရိုက်တာကြည်ဖြူရှင်က ပုံဖော်ပေးမှာ ဖြစ်ပါတယ်။

အဆိုပါဇာတ်ကားကြီး၏ ဇာတ်ဝင်ခန်း ၇၀% ကို ဂျပန်တွင် ရိုက်ကူးမှာဖြစ်ပြီး ၃၀% ကို မြန်မာပြည်မှာ ရိုက်ကူးမှာဖြစ်ပါတယ်။ ရှစ်လေးလုံး အဖြစ်အပျက်များကို အခြေခံကာ ဂျပန်နိုင်ငံရောက်ရှိနေသည့် လူငယ်တစ်ယောက်၏ ဘဝအိမ်မက်ကို အကောင်အထည်ဖော်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ပုံဖော်သွားမှာဖြစ်ပါတယ်။

“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းကိုးကား-ဒီမိုကရေစီတူဒေး
 


25 Aug 2017     1,819 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS