မလေးရှားတွင် ရိုက်နှက်ခံရမှု မြန်မာအားကစားသမားများသာမက မြန်မာပရိသတ်ကိုပါ လုံခြုံရေးပေးရန် တာဝန်ရှိသူများဆောင်ရွက်
23 Aug 2017 1,527 Views
သြဂုတ်လ ၂၁ ရက်နေ့ညပိုင်း မလေးရှားအသင်းနှင့် မြန်မာအသင်းတို့ ဆီမီးဖိုင်နယ် အုပ်စုဗိုလ်လုပွဲစဉ် ဘောလုံးအားကစားယှဉ်ပြိုင်ပွဲအပြီးတွင် မြန်မာပရိသတ် ၁၀ ဦးထက်မနည်း နေရာ ခုနှစ်နေရာတွင် ဝိုင်းဝန်းရိုက်နှက် လုယက်ခံရမှုများ ဖြစ်ပွားခဲ့သည့် အတွက် မလေးရှားနိုင်ငံတွင် လာရောက်ယှဉ်ပြိုင်နေကြသော မြန်မာအားကစားအဖွဲ့များသာမက မြန်မာပရိသတ်ကိုပါ လုံခြုံရေးပေးရန် တာဝန်ရှိသူများ စီစဉ်လျှက်ရှိသည်။
“ဘောလုံပွဲအပြီးမှာ သုံး၊ လေးယောက် အုပ်စုလိုက်သွားတဲ့ မြန်မာတွေရော၊ တစ်ဦးခြင်းစီသွားတဲ့လူတွေရော ချောင်းရိုက်ခံရတာတို့၊ ပိုက်ဆံအိတ်တွေ ဖုန်းတွေ လုခံရတာတို့ အတော်များများဖြစ်တယ်” ဟု ကွာလာလမ်ပူအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပက်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အားကစားအဖွဲ့နဲ့ လိုက်ပါသွားတဲ့ အစိုးရတာဝန်ရှိသူတွေကိုရော၊ သံရုံးကိုရော ပြောထားပါတယ်။ မလေးရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားကစားအဖွဲ့တွေသာမက အားပေးကြတဲ့ မြန်မာနိုင်ငံသားတွေကို အကာအကွယ်နဲ့ လုံခြုံရေးပေးဖို့ တာဝန်ရှိသူတွေ ဆောင်ရွက်နေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌါနက အရာရှိကြီးတွေလည်း ထပ်လိုက်သွားဖို့ရှိပါတယ်၊ လိုအပ်တာတွေအားလုံး မှဦကြားထားပြီ:ဖြစ်ပါတယ်။ လတ်တလော ဆေးရုံတက်နေရတဲ့ ပြည်သူတွေဆီ သွားရောက်မေးမြန်းပြီး အားပေးကူညီဖို့၊ ဖြစ်စဉ်အမှန်သိဖို့ မလေးရှားတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။
မလေးရှားတွင် မြန်မာနိုင်ငံသားများ လုယက်ခံနေရမှုမှာ ပုံမှန်ဖြစ်နေသော်လည်း အခုအခါ ဘောလုံးပွဲအကြောင်းပြ၍ ရိုက်နှက်လုယက်ခံနေရသည်ဟု ထင်မြင်မိကြောင်း မလေးရှားရောက် မြန်မာလုပ်သား ကိုကျော်ဇင်က ပြောဆိုခဲ့သည်။
ကွာလာလမ်ပူအခြေစိုက် နှလုံးလှပရဟိတသွေးလှူရှင်အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာတွင် မလေးရှားနေရာအနှံ့အပြားတွင် ရိုက်နှက်လုယက်ခံရသော ဖြစ်စဉ်များကို အောက်ပါအတိုင်း ဓါတ်ပုံများနှင့်တစ်ကွ ရေးသားဖော်ပြထားသည်။
ဘောလုံးပွဲအပြီး ည ( ၁၁:၃၀ ) အချိန်မှစ၍ တိုက်ခိုက်မူ့များ
==============================================
တိုက်ခိုက်မူ့ ( ၁ ) ..ကလန်းဘန်ဒိန်းမှ ၄ ဦးကားရှာနေရင်း အတင်းဝင်ရိုက်ခံခဲ့ရပါတယ် ဝင်ပေါက်က မလေးဘက်အချမ်းမှာပါ လူနာအမည်က မင်းစိုးဖြစ်ပါတယ် အခုရှားအလမ်းဆေးရုံကြီးတွင် ဦးခေါင်းကွဲ မေးရိုးကွဲ မျက်နာတခုလုံး ရစရာမရှိအောင် ဒဏ်ရာရပြီး အရေပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်ပါသည်။ တချို့ပြောနေတဲ့ ဆိုင်ကယ်တိုက်လို့ဆိုတာ လုံးဝမဟုတ်ပါ ။
တိုက်ခိုက်မူ့ ( ၂ ) လူနာ မောင်မျိုးဖြစ်ပြီး ပွဲပြီးလို့Bus ကားနားရောက်ခါနီးမှာ အရိုက်ခံခဲ့ရပါတယ် ဦးခေါင်း မျက်နာ လက် ခြေထောက် အားလုံးဒဏ်ရပြီး ရှားအလမ်းဆေးရုံတွင် ကုသမူ့ခံယူနေပါတယ် ။ ကလန်းဥတ္တမ
တိုက်ခိုက်မူ့ ( ၃ ) မာလာကာမြို့မှ လာရောက်အားပေးသော လူနာ ဟိန်းထက်အောင်ပါ ဝိုင်းရိုက်လို့ ထွက်ပြေးရင်း ဒဏ်ရာများနှင့် တက်မိတက်ရာ တက်လိုက်ရာမှ ပူချွန်းကားသို့ ပါသွားခဲ့ပါသည် နောက်မှ မာလာကာ အဖွဲ့မှ ပူချွန်းသို့ဝင်ခေါ်၍ ပြန်သွားခဲ့ရပါည်။ မာလာကာ
တိုက်ခိုက်မူ့ ( ၄ ) မိန်ခလေး ၂ ဦး ယောက်ျားလေး ၁ ဦးအား တိုက်ခိုက်ရာ ယောက်ျားလေး ဖြစ်သူမှာ ဒဏ်ရာအနည်ငယ်ရရှိခဲ့ပါတယ် မိန်ခလေးဖြစ်သူများထံမှ ဖုန်း ပိုက်ဆံအားလုံးကို ယူဆောင်သွားခဲ့ပါတယ်။ ကေအယ်
တိုက်ခိုက်မူ့ ( ၅ ) ဘလက်ကောင်းအဖွဲ့မှ ၃ ဦး တိုက်ခိုက်ခံခဲ့ရပါတယ် မျက်နာနှင့် လက်မောင်းတို့တွင် ဒဏ်ရာ ရရှိခဲ့ကြပါသည်။
တိုက်ခိုက်မူ့ ( ၆ ) မဲတူးဘက်သို့ ပြန်မည့်ကားအား ဝိုင်းပြီး ကျောက်ခဲများဖြင့်ပေါက်ပြီး အတင်းဝင်တိုက်ခိုက်ခဲ့ရာ ထွက်ပြေခဲ့ရပါတယ် နောက်မှ ပြန်လူစုပြီး ပြန်သွားခဲ့ရပါတယ်။
တိုက်ခိုက်မူ့ ( ၇ ) နောက်ဆုံး ရွှေမြန်မာများ အတွက် အကူအညီပေးနေတဲ့ ပရဟိတ စုပေါင်းကူညီရေးအဖွဲ့ထဲမှ နှလုံးလှ အဖွဲ့ဝင်များ ဖြစ်သော မောင်ရဲမိုးအောင် နှင့် မောင်ဝဏ္ဏ တို့ နှစ်ဦးအား ပရိတ်သတ်များကို လိုက်ပို့ရင်းဆိုင်ကယ်ဦးထုပ်များ ဒုတ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရပါသည်။
ဒီနေ့တော့ စိတ်မကောင်းစရာ အဖြစ်ပါ ကျွန်တော်တို့ မြန်မာအသင်းရှုံးတာတောင် ဒီလိုဖြစ်တာ နိုင်များသွားခဲ့ရင် မတွေဝံ့စရာပါဗျာ။ ဒါတောင် ကျွန်တော်တို့ ပရဟိတအသင်းများနှင့် အမြန်ဖွဲ့စည်းပြီး Sea game 2017 ဆိုပြီးထိမ်းသိမ်းပေးလို့ မရှိရင်မလွယ်ပါဘူး။
ကျွန်တော်တို့ အဖွဲ့တွေလဲ လူစုကွဲနေတဲ့ သူများအားလုံးအား မလေးရဲအရာရှိများ အားကစားတာဝန်ရှိသူများ နှင့် ပူပေါင်းပြီး အိမ်ပြန်ဖို့လုပ်ဆောင်ရာ ည ၂ နာရီကျော်မှ အားလုံးပြီးဆုံးသွားခဲ့ပါတယ်။ ပြန်ဖို့အခက်အခဲဖြစ်သူများ အားလုံးကို Bus ကား ထပ်ဌါးပြီး နှလုံးလှ ပရဟိတ ရုံးခန်းကေအယ်သို့ ခေါ်ဆောင်သွားခဲ့ရပါသည်။
ဆက်လက်၍ ကျွန်တော်တို့အဖွဲ့ဒဏ်ရာရ လူနာများတင်ထားသည့် ဆေးရုံရှားအလမ်းသို့ သွားရောက်ပြီး လိုအပ်သည်များ လုပ်ဆောင်ပေးရန် ကျွန်တော်တို့ နှလုံးလှ ပရဟိတ အဖွဲ့မှ တာဝန်ယူ ကုသပေးမည်ဟု ဆရာဝန်များနှင့်တွေ့ဆုံကာ တစ်ညလုံး စောင့်ကြည့်ကြပြီး နံနက် ၈ နာရီတွင် ပြန်ခဲ့ကြပါသည်။
ဘောလုံးပွဲတွင် ဖြစ်သည့်အကြောင်းမေးမြန်လိုပါက နှလုံးလှ ပရဟိတ အဖွဲ့မှ ဦးသက်ထံမေးမြန်နိုင်ပါသည်။ ( 0172838470 )
မှတ်ချက်။ ။ပရိတ်သတ်များအတွက် ကျွန်တော်တို့ Sea game 2017 အဖွဲ့မှ အစွမ်းကုန် ကူညီပေးခဲ့ကြပါသည် ။ နောက်ပွဲတွေမှာလည်း ကျွန်တော်တို့ Sae game 2017အဖွဲ့ကြီးနှင့်အတူ ကျွန်တော်တို့ နှလုံးလှ အသင်းကြီးမှ ဘောလုံးချစ် ပရိတ်သတ်များအတွက် ကြိုးစားကူညီပေးသွာပါမည်။
သတင်းရင်းမြစ်−နှလုံးလှပရဟိတ၊ ဒီမိုကရေစီတူဒေး