BEC-TERO TV

မေသန်းနုက ငွေကြေးကိစ္စ အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲပြီ

20 Aug 2017     1,539 Views


လိမ်လည်မှုနဲ့ တရားရုံးမှာ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မေသန်းနုက တရားလိုပြု တိုင်ကြားထားသူ ဒေါ်စန်းစန်းမြင့်ကို အသရေဖျက်မှုနဲ့ ပြန်လည်အမှုဖွင့်ထားပြီး ဂုဏ်သိက္ခာကျဆင်းစေခဲ့မှု၊ နစ်နာစေရန် ရည်ရွယ်ကာ မမှန်မကန် စွပ်စွဲတိုင်ကြားခဲ့တာကို အရေးယူပေးဖို့ ကမာရွတ်မြို့နယ် တရားရုံးမှာ မေသန်းနုကိုယ်တိုင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။


ကမာရွတ်မြို့နယ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေါ်စန်းစန်းမြင့်ထံမှ ရုပ်ရှင်သရုပ်ဆောင် မေသန်းနုက ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရန် ငွေကျပ် ၆၂၅ သိန်းကို ချေးယူခဲ့တယ်ဆိုပြီး လီဆယ်ပြောဆိုကာ ၂၀၁၆ ခုနှစ် ဇူလိုင်(၅)ရက်နေ့တွင် ကမာရွတ်မြို့မရဲစခန်း၌ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။


အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရတဲ့ ဒေါ်စန်းစန်းမြင့်က မေသန်းနဲ့ နှစ်ပေါင်း(၃၀)ကြာ ခင်မင်ရင်းနှီးခဲ့သူတစ်ဦး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လက “သမီးတစ်ကောင် နွားတစ်ထောင်” ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်သူအဖြစ် ရိုက်ကူးရန် ငွေလိုသဖြင့် ကျပ်သိန်း ၇၀၀ ကို မေသန်းနု က အကူအညီတောင်းခဲ့တာကြောင့် ဇူလိုင်လ ၃ ရက်နေ့မှာ နာနတ်တောလမ်းရှိ ရွှေကောင်း ဟော့ပေါ့ဆိုင်တွင် မေသန်းနုနဲ့ ချိန်းဆိုကာ ဒေါ်စန်းစန်းမြင့်က ငွေကျပ် ၆၂၅သိန်းကို ပေးခဲ့တယ်လို့ သိရပါတယ်။


အဲ့ဒီငွေကို သရုပ်ဆောင်မေသန်းနု က ရိုးမဘဏ်နဲ့ မြန်မာ့အရှေ့တိုင်းဘဏ် ချက်လက်မှတ်များဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ မှ ဒီဇင်ဘာလအထိ ခြောက်ကြိမ် ငွေခွဲဆပ်ခဲ့သော်လည်း ငွေသားထုတ်ရာတွင် ဘဏ်များတွင် ချက်လက်မှတ်ပါ ငွေစာရင်းများအရ ငွေလက်ကျန် မရှိတာကြောင့် ထုတ်ယူလို့ မရခဲ့ကြောင်း ၊ မေသန်းနုကို ဆက်သွယ်ရာမှာ ငွေသားနဲ့ ပြန်ပေးမယ်လို့ ပြောပေမယ့်လည်း ယနေ့အချိန်ထိ မရရှိတာကြောင့် လိမ်လည်မှုနဲ့ အရေးယူပေးဖို့ကို ကမာရွတ်မြို့မရဲစခန်းမှာ ဒေါ်စန်းစန်းမြင့်က တရားလိုပြုကာ အမှုဖွင့် တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ The Voice သတင်းစာမှ ရေးသားထားပါတယ်။


အသရေဖျက်မှုနဲ့ တရားစွဲဆိုခံရသူ ဒေါ်စန်းစန်းမြင့် က သရုပ်ဆောင်မေသန်းနုကို တိုက်ခန်းဝယ်ယူရန်အတွက် ငွေကျပ် သိန်း၄၀၀ ပြန်မပေးဟုဆိုကာ ပုဒ်မ ၄၂၀ နဲ့ ရန်ကင်းမြို့မရဲစခန်းတွင်လည်း အမှုဖွင့်တိုင်ကြားခဲ့ပြီး လက်ရှိယင်းအမှုကို ရန်ကင်းမြို့နယ် တရားရုံးမှာ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


Credit: mmpopular


 


20 Aug 2017     1,539 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS