BEC-TERO TV

ရန်ကုန်ကားဈေးကွက် ပြန်လည်အသက်ဝင် ဦးမော့လာ

18 Aug 2017     1,502 Views


ရန်ကုန်မြို့ရှိ ကားဈေးကွက်မှာ လပေါင်းများစွာ အရောင်းအဝယ်အေးစက်ခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ကားအရောင်အဝယ် ပြန်လိုက်လာပြီး ဈေးကွက်လည်း ပြန်ထောင်တက်လာလျှက်ရှိကြောင်း သတင်းရရှိသည်။

ကားနှင့်ပက်သက်၍ မူဝါဒတည်ငြိမ်မူ မရှိသေးသည့်အတွက် ကားဈေးကွက်လည်း မတည်မငြိမ်ဖြစ်ကာ ယခင်လပိုင်းများက ဈေးကွက်တွင် အဝယ်မရှိသလောက်ဖြစ်ခဲ့ပြီး ကားဝယ်ရောင်းပွဲစားအချို့ပင် အခြားအလုပ်အကိုင်များ ပြောင်းလဲလုပ်ကိုင်ကြရတဲ့ထိ အေးစက်နေခဲ့ခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ကျောင်းဖွင့်စရာသီများတွင် ကားအရောင်းဝယ်များပြားခဲ့သော်လည်း ယခုနှစ်ကျောင်းဖွင့်စတွင်မူ အစိုးရအနေနှင့် ကျောင်းကားနှင့်ပက်သက်သော အစီစဉ်များရှိနေသည့်အတွက် အရောင်းအဝယ်အေးခဲ့ရကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူက ပြောဆိုခဲ့သည်။ သို့သော် ယခုရက်ပိုင်းအတွင်း ကားဈေးကွက်ပြန်လည်သက်ဝင်လှုပ်ရှားလာပြီး ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြား ကားများပိုမို အရောင်းအဝယ်ဖြစ်နေကြောင်း သတင်းရရှိသည်။

ကားဈေးကွက် ပြန်လည်ဦးမော့လာရသည့်အကြောင်းရင်းမှာ အဝယ်လိုက်လာသောကြောင့် မဟုတ်ကြောင်း ကားဝယ်ရောင်း ကိုမျိုးမင်းသူက ပြောကြားခဲ့သည်။
ကားဈေးမာတာတော့ မဟုတ်ပါဘူး၊ ကားတင်သွင်းတဲ့စရိတ်တွေ မြင့်လာတာပေါ့။ အချို့ကျတော့လည်း နောက်ထပ်မသွင်းနိုင်ကြတော့ဘူး။ ဒါကြောင့်ရှိတဲ့ကားလေးတွေကို နည်းနည်းတင်ရောင်းကြတယ်ပေါ့။ ငွေဈေးတက်သွားတာတို့ ဂျပန်မှာ ယန်းဈေးတက်တာတို့ နောက်ဒီမှာ အခွန်က ဘယ်လိုပေါ့နော်။ အဲ့ဒီလိုအကြောင်းလေးတွေကြောင့် စလစ်ဈေးက ဈေးတက်လာတဲ့အခါကျတော့ သွင်းတဲ့လူက လက်ရှိဈေးကွက်ထဲမှာ ရောင်းတဲ့ဈေးနဲ့ မကိုက်ဘူး။ သွင်းတဲ့လူ မကိုက်တဲ့အခါကျတော့ ရှိတဲ့ကားကိုပဲ နဲနဲလေးဈေးတင်ရောင်းကြတယ်။ အဲဒီလိုမျိုးလေးတွေ ဖြစ်သွားတာပါ။ အဝယ်တွေလိုက်လာလို့ ဈေးတက်တာ မဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

ကိုးကား−မြန်မာ့အလင်း
 


18 Aug 2017     1,502 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS