သူက Official တွဲရဲလို့ ၀မ်းသာတယ်လို့ ပြောလာတဲ့ ရဲရင့်အောင်ချစ်သူ ဧငြိမ်းဖြူ
17 Aug 2017 1,598 Views
အဆိုတော်ရဲရင့်အောင်နဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်ပေါ်မှာ သတင်းတွေ ထွက်ခဲ့ ပြီးတဲ့ နောက်မှာ ရဲရင့် အောင် ရဲ့ ချစ်သူအသစ် က ဘယ်သူလဲ ဆိုတာကို လဲ လူတိုင်းစိတ်ဝင်စားနေကြပါတယ် ။ အခု ဆိုရင် အဆိုတော် ရဲရင့်အောင် နဲ့ ဧငြိမ်းဖြု တို့ဟာ ချစ်သူတွေ ဆိုတာကို လဲ ကြော်ငြာထားပြီးသားလဲ ဖြစ်ပါတယ်။ Laurel art အနုပညာကျောင်းကို တည်ထောင်ထားတဲ့ ဒါရိုက်တာ သီတာလင်းရဲ့ သမီးဖြစ်တဲ့ ဧငြိမ်းဖြူ ဟာအနုပညာကျောင်းဆင်းထားပြီး လတ်တလောမှာတော့ media တွေ အတွက်ဓါတ်ပုံ တွေ ၊ ကြော်ငြာတွေ ရိုက်ကူးနေပြီး ကတ်ဆက်ဇာတ်လမ်းလေးတွေလဲ ရိုက်နေပါတယ် ။ အမေဖြစ်သူရိုက်ကူးတဲ့ ဇာတ်ကားတွေမှာတော့ မင်းသမီးနေရာက မပါဝင်ပဲ တစ်ခန်းနှစ်ခန်းပဲ ပဲ ပါဝင်ထားတယ် ပညာမစုံသေးလို့ ပညာတွေစုံမှ ပရိတ်သတ်အတွက် အနုပညာတွေ ချပြတာ ကောင်းမယ်လို့ သားအမိ နှစ်ယောက်လုံး ခံယူထားတယ် ။
အချစ်ရေးကတော့ ခြောက်လကျော် ခုနှစ်လလောက်ပဲ ရှိသေးပေမယ့် သူနဲ့ စသိတာ ၂၀၁၃ ခုနှစ်ထဲကပါ ။သူငယ်ချင်းအနေနဲ့ အကြာကြီးခင်ခဲ့တယ် propose လုပ်တော့ အံ့သြသွားတယ် ။ ဖုန်းနဲ့ပဲ ပြောခဲ့ တာ ။ official တွဲရဲတယ်လို့ ပြောလိုက်တဲ့ အတွက် ၀မ်းသာတယ် ။ သူက မိန်းကလေး ဖန် တွေများတဲ့ အတွက် စိုးရိမ်စိတ်လေးတော့ ရှိတယ် ။ သူ့ကိုချစ်တဲ့ စိတ်ကြောင့် ညီမကို အမြင်မကြည်တာတွေလဲ ရှိတယ် ။ခုနောက်ပိုင်း သူ့ ဖန်တွေကလည်း သူ့ကိုချစ်တဲ့စိတ်နဲ့ ညီမကိုလဲ လိုက်ချစ်လာကြတယ်လက်ခံလာကြတယ် ။ ကိုယ့်ဖန်တွေကလဲ သူံကို လိုက်ချစ်လာကြတယ် ။ အဖေနဲ့ အမေ တို့ကလည်း အချစ်ရေးတဲ့ ပတ်သတ်ပြီးဝင်ရောက်မစွက်ဖက်ပါဘူး ။ ဘ၀ လက်တွဲဖော်အဖြစ်လက်တွဲဖို့ကတော့ ဖူးစာလည်းပါမှ နောက်ပြီး သူလဲ သူ့အလုပ်သူလုပ်တယ် ကိုယ်လဲ ကိုယ့်အလုပ်ကိုယ်လုပ်တယ် အိမ်ထောင်ရေး ကိစ္စ ကတော့ ကြာပါအုံးမယ် ဆိုပြီး ပြောသွားခဲ့ ပါတယ် ။
Credit:oasis