ချစ်မယ့်သူ လိုအပ်တယ်ဆိုတဲ့ မြတ်ကေသီအောင်
14 Aug 2017 2,301 Views
လူလတ်ပိုင်း အသက်အရွယ်တခုကို ရောက်ရှိနေတဲ့ အကယ်ဒမီ မြတ်ကေသီအောင် ဟာ သူမ ခံစားနေရတဲ့ ရင်ထဲက ခံစားချက်တွေကို ပြောပြထားပါတယ်။
“ အသက်ကြီးလာတဲ့ အပြောင်းအလဲ စိတ်ခံစားမှုက အရမ်းကို ထိရှလာတယ် ။ ခံစားတက်လာတယ် ။ ၀မ်းနည်း အားငယ်တက်လာတယ် တခုခုဆို ငါတစ်ယောက်တည်းလားဆိုတဲ့ စိတ်က လွမ်းမိုးလာတယ် ။ အနုပညာသမားမို့မဟုတ်ပဲ အသက်အရွယ်က ပြောလာတဲ့ စကားတွေလိုက ထင်မိတယ် ။ အသက်ကြီးလာလေ ပိုအားငယ်လာလေပါပဲ ။ မိဘကို ပိုပြီး ကိုယ်ချင်းစာတက်သွားတယ် ။ အသက်ကြီးလာတဲ့အခါ ငွေကြေးလိုအက်ချက်ထက် အားပေးစကားပြောမယ့်သူ ချစ်မယ့်သူတွေ လိုအပ်တယ် ။ ကိုယ်တိုင်လိုအပ်လာတဲ့ အခါ သူများကိုစာနာတက်လာတယ် ။ အနားမှာဘယ်သူမှမရှိတော့ နောင်တရမိတယ် မိသားစု ဘဝလေးကို တည်ထောင်ခဲ့ ရင်ကောင်းသားဆိုပြီး
။မောင်လေးတွေ ညီမလေးတွေက သူတို့မိသားစု ကလေးတွေ ဘ၀ရှေ့ရေး ကိုစဉ်းစားနေကြတယ် ။ သူတို့ကို ကြည့်ပြီး အားကျတယ် ။ ကိုယ်ကသာ ထိုင်လွမ်းနေတာ သူတို့ မှာဆို လွမ်းဖို့ အချိန်တောင်မရှိဘူး .။ တခါတလေ သူတို့ လို နေချင်တာ ။ ကိုယ့်မှာက ဆုံးသွားတဲ့ အဖေနဲ့ အမေ ကိုယ့်နားမှ မရှိတော့တဲ့ ကိုယ့် ညီမတွေ ကို လွမ်းနေတာလေ ။ အသက်အရွယ်ကြီးလာတဲ့ အခါ နားလည်ပေးမယ့် လူတစ်ယောက် မှ မရှိတော့ပါလားလို့ တွေးမိရင် တခါတလေ စိတ်က ဒေါင်းသွားရော ချစ်မယ့် သူတွေ အနားမှာ တကယ်လိုအပ်တာပါ” ဆိုပြိး ပြောသွားခဲ့ ပါတယ် ။
Credit:oasis