အိန္ဒြာကျော်ဇင်က သမီးလေးကို ဘာကြောင့် အနုပညာလောကထဲ မဝင်စေချင်တာလဲ
14 Aug 2017 1,469 Views
နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဖြစ်သူ ပြေသုဒ္ဒြာကို သူမတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီး မင်းသမီးအလုပ်ကို မလုပ်စေချင်ဘူးလို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ သူမဘဝမှာ ဘာတွေ တွေ့ကြုံခဲ့ရပါလိမ့်..?
“သမီးနဲ့ပက်သက်ပြီးတော့ အခုထက်ထိတော့ သမီးက မင်းသမီးမလုပ်ဘူးပဲ ပြောတယ်။ အစ်မက အရမ်းမတိုက်တွန်းဘူး။ အစ်မဆန္ဒအရလည်း မလုပ်စေချင်ဘူး။ ဒီအလုပ်က အရမ်းဖိအားများတယ်။ ဘဝမှာစိတ်ရောလူရော ပင်ပန်းတဲ့ အလုပ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် လူတွေရဲ့အချစ်ကိုတော့ ခံရပါတယ်။ တစ်ချိန်မှာ သူအရမ်းဝါသနာပါလာခဲ့ရင် တားမရဆီးမရဆိုတာမျိုးဖြစ်လာခဲ့ရင်တော့ အစ်မတို့က ပိတ်ပင်လို့မရဘူးလေ သူဝါသနာပါတဲ့အရာကို အကောင်းဆုံးဖြစ်အောင် ပံပိုးပေးမှာပါ” ဟု သရုပ်ဆောင် အိန္ဒြာကျော်ဇင်က မော်ဒန်ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
စီးပွားရေးအနေနဲ့ လက်ရှိမှာ ပြေသုဒ္ဒြာရုပ်ရှင်ထုတ်လုပ်ရေး ထူထောင်ထားပြီး ဇဦတ်ကားတွေရိုက်ဖို့ ရှိနေပေမယ့် ဇာတ်လမ်းကို ရွေးချယ်နေလို့ တိတိကျကျအကောင်ထည်မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖက်ရှင်လုပ်ငန်းကိုလည်း နောက်ပိုင်းမှာ လုပ်ကိုင်ရန် ဆန္ဒရှိနေကြောင်း ပြောပြခဲ့ပါတယ်။
“ဖက်ရှင်ပိုင်းနဲ့ ပက်သက်ပြီ:ပြောရရင် ကိုယ်ကလည်း အရင်ထဲက ဖက်ရှင်ကို ဝါသနာပါတယ်။ အဲဒါနဲ့ပက်သက်ပြီးစီးပွားရေးအဖြစ် စဉ်းစားနေတာလေးတွေရှိတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာက ဖက်ရှင်ဒီဇိုင်နာတွေ စတိုင်လစ်တွေ ပေါ်လာတဲ့အတွက် ဘယ်အနုပညာပွဲ လှုပ်ရှားမှုမျိုးမဆို ကားရိုက်ရင်လည်း ဇာတ်ကားအရ ဝတ်ဆင်ရသလို ပွဲဆိုလဲ ပွဲအလျှောက် သင့်တော်ပြီ: ကိုယ်နဲ့လိုက်ဖက်မယ့် အဆင်ပြေမယ့် အဓိက ကိုယ့်ရဲ့ပုံစံကို ထိန်းမယ့် ဝတ်စုံမျိုးကို မအိကျော်ဇင်နဲ့ အမြဲတိုင်ပင်ပြီးတော့ လုပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ အိန္ဒြာကျော်ဇင် ပါဝင်ရိုက်ကူးထားတဲ့ ရုံကြီ:ကား ၁၂ ကားရှိပြီး ရုံတင်ဖို့ စောင့်နေတဲ့အတွက် ပရိသတ်ကြီးလည်း စောင့်မျှော်အားပေးကြပါဦးနော်..။
ကိုးကား−မော်ဒန်ဂျာနယ်