BEC-TERO TV

ခိုင်ထူးအတွက် ဝမ်းနည်းမှုတွေနဲ့အတူ ခံစားချက်တွေ ပေါက်ကွဲထွက်ခဲ့တဲ့ မာရဇ္ဇ

13 Aug 2017     1,422 Views


“ပုံရိပ်မဲ့ဂရပ်ဖစ်” ကိုယ်ပိုင်သံစဉ် တေးစီးရီးခွေဖြင့် အောင်မြင်မှုမှတ်တိုင်များ စိုက်ထူနိုင်ခဲ့ပြီး ယခုအချိန်ထိ ပရိသတ်အခိုင်အမာရှိနေဆဲ အဆိုတော် မာရဇ္ဇတစ်ယောက် ကိုယ်ပိုင်သံစဉ်ကို ချစ်မြတ်နိုးသီဆိုသူ အနုပညာရှင် ဦးခိုင်ထူး ကွယ်လွန်သွားခဲ့ပြီးတဲ့နောက်မှာ ရင်နာနာနဲ့ သူရဲ့ ခံစားချက်အချို့ကို သူ့ရဲ့လူမှုကွန်ယက် ဖေ့စ်ဘွခ်စာမျက်နှာပေါ်မှာ ရေးသားရင်ဖွင့်ခဲ့ပါတယ်။


သေမှတန်ဘိုးထားတဲ့နိုင်ငံ သေမှဂုဏ်ပြုတဲ့နိုင်ငံ သေမှသူကောင်းပြုတဲ့နိုင်ငံမှာ ကျွှန်တော်ခက်ခဲစွာရှင်သန်နေပါတယ်အမေ


ဟု သြဂုတ်လ (၁၁)ရက်နေ့က ရေးသားခဲ့ခြင်းဖြစ်သည်။


ယင်းစာသားမှာ အဓိပ္ပါယ်များစွာ ပါဝင်သည်ဖြစ်လို့ ရှုထောင့်အမျိုးမျိုးမှ ယူဆနိုင်သည်ဖြစ်သော်လည်း လိုရင်းကတော့ အနုပညာသည်များ အသက်ကြီးသွားပြီး အနုပညာအလုပ် မလုပ်နိုင်တော့သည့်အခါ အားလုံးရဲ့ အမေ့ခံဘဝနဲ့ အဆုံးသတ်သွားတတ်ပြီး သေလွန်ကြသည့်အခါမှ နှမြောတသလွမ်းဆွတ် ဂုဏ်ပြုဖို့ သတိရကြပြီး ဘဝနေဝင်ချိန်ကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရသည့ အသက်ရှင်ချိန်ကာလတွေမှာတော့ လစ်လျူရှုခံနေရတာကို ဆိုလိုသည်ကတော့ ထင်ရှားလှပါသည်။

သီချင်းဆိုသည် အနုပညာအလုပ်ဆိုသည်မှာ ရုပ်ရှင်အနုပညာသည်များလို အသက်ကြီးလာတဲ့အခါလည်း လူကြီးခန်းများပါဝင်သရုပ်ဆောင်ရင်း ဘဝက်ုရပ်တည်နေနိုင်သည်မဟုတ်။ ခေတ်ကာလ သီချင်းပုံစံများ ပြောင်းလဲမှုကို အမီမလိုက်နိုင်တဲ့အခါ အလိုလို မှေးမှိန်ဖျော့တော့သွား သဘာဝရှိသည့် အနုပညာအလုပ်မျိုးဖြစ်သည်။

ဟိုးယခင် ဦးခိုင်ထူးတို့လို ခေတ်က အဆိုတော်ကြီးများ၏ အောင်မြင်မှုမှာ နာမည်သာ ဖြစ်ပြီး၊ ငွေကြေးက အထိုက်အသင့်သာ၊ ရင်းနှီးမြုတ်နှံစရာ အခြားစီးပွားရေကလည်း မရှိသလို ရင်းနှီးစရာငွေလည်းမရှိသဖြင့် နာမည်အရှိန်အဝါ လျှော့ကျလာသည်နှင့်အမျှ ဘဝရပ်တည်ရေး ခက်ခဲလာကြသည်။
ယနေ့ခတ် လူငယ်အဆိုတော်များက ဒီသဘောတရားများကို သင်ခန်းစာယူပြီးနောက် အပြိုင်အဆိုင် လူသုံးကုန်ပစ္စည်းများပါ ထုတ်လုပ်ရောင်းချရင်း အနုပညာတစ်ဖက် စီးပွားရေးတစ်ဖက်နဲ့ အကျသက်သာစေရန် ကြိုတင်စီမံလာကြတာကို တွေ့ရပါတယ်။ ဒါဟာမှန်ကန်ကောင်းမွန်သော လုပ်ရပ်ဖြစ်ပါတယ်။

ဦးခိုင်ထူးတို့ ခေတ်ကတော့ ဒီလိုအခွင့်ရေးမျိုးမရခဲ့ရှာကြ သူတို့ကွယ်လွန်သွားတဲ့အခါ မိသားစုအတွက်လည်း ဘာမျှချန်မထားနိုင်သော ယုံကြည်ရာကိုသာ တစ်စိုက်မှတ်မှတ် လုပ်ကိုင်ခဲ့ကြသော အနုပညာဂီတ သူရဲကောင်းကြီးများဖြစ်ကြသည်။

မည်သည်သို့ပင်ဖြစ်စေကာမူ အဉ္ဇလီ၊ စစ်ကိုင်းလမ်း အစရှိသော သီချင်းများက ကမ္ဘာကုန်သရွေ့ သီဆိုနားထောင်ကြဦးမယ့် ဂန္တဝင်သီချင်းတွေ ဖြစ်လာမှာ မလွဲပါဘူး။ ဒီလိုပဲ စီးပွားရေးသမားတွေကလည်း ခိုင်ထူးအမှတ်တရ ရှိုးပွဲတွေ၊ သီချင်းခွေတွေ စီစဉ်ကြဦးမှာလည်း မြေကြီးလက်ခတ် မလွဲဘူးလို့ သေချာပါတယ်။



 


13 Aug 2017     1,422 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS