BEC-TERO TV

၅ တန်းကျောင်းသူအား မဖွယ်မရာပြုလုပ်ကာ ဓါတ်ဆီလောင်းမီးရှို့သတ်

10 Aug 2017     1,336 Views


မွန်ပြည်နယ်၊ ရေးမြို့ ကျောင်းရွာကျေးရွာအုပ်စု၊ ကိုင်းတောကျေးရွာရှိ ခြံတစ်ခြံတွင်
အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူအား မဖွယ်မရာပြုလုပ်၍ ခြိမ်းခြောက်ပြောဆိုပြီး ဓာတ်ဆီလောင်းမီးရှို့ကာ ထွက်ပြေးတိမ်းရှောင်နေမှုတစ်ခု ဇူလိုင် ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။


၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူကို မဖွယ်မရာ ပြုလုပ်ပြီး ဓာတ်ဆီလောင်း မီးရှို့ ထွက်ပြေးတိမ်းရှောင်နေသူ မျိုးမြင့်ဦး (ခ) မြင့်ဦး ကို ဖမ်းဆီးရမိရန် ကြိုးပမ်းဆောင်ရွက်ရာ နေအိမ်တွင် ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သြဂုတ် ၉ ရက် ညနေ ၄ နာရီခွဲမှာ ဖမ်းဆီးနိုင်ကြောင်း သတင်းရရှိသည်။


မဖွယ်မရာပြုလုပ်ပြီး ခြိမ်းခြောက်ပြောဆိုကာ ဓာတ်ဆီလောင်းမီးရှို့ခံခဲ့ရသော ၅ တန်းကျောင်းသူကို ကျောင်းရွာတိုက်နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင် ဆေးရုံကို လွှဲပြောင်းကုသနေစဉ် ဇူလိုင် ၃၀ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။


မိခင်ဖြစ်သူက ဥပဒေအရ အရေးယူပေးပါဖို့ တိုင်တန်းမှုပြုလုပ်ပြီး ရေးမြို့မရဲစခန်းက မျိုးမြင့်ဦး(ခ) မြင့်ဦးကို ရာဇာသတ်ကြီးပုဒ်မ-၃၀၂/၃၅၄/၅၀၆ သို့ ဇူလိုင် ၃၀ ရက်က အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်းရင်းမြစ်−DVB

 


10 Aug 2017     1,336 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS