YBS ငွေပေးချေမှု ကတ်စနစ်အတွက် တင်ဒါများခေါ်ယူ
10 Aug 2017 1,347 Views
YBS မော်တော်ယာဉ်လိုင်းများတွင် ယာဉ်စီးခကို ငွေထည့်ပုံးထဲသို့ ယာဉ်စီးခထည့်စီးရသော စနစ်အစား ကတ်စနစ်ဖြင့် အစားထိုးပြောင်းလဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ်လ ၉ ရက်နေ့က တင်ဒါများခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှ ဘတ်စ်ကားများတွင် ကတ်စနစ်လုပ်ဆောင်ရန် Yangon Payment Service ကို ပထမဆုံးအကြိမ် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။ တင်ဒါပထမအဆင့် အဆိုပြုလွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် သြဂုတ်လ ၉ ရက်နေ့က စတင်ရောင်းပေးနေပြီး တင်ဒါတင်သွင်းသူများအနေနဲ့ လာမည့် သြဂုတ်လ ၁၅ ရက်နေ့တွင် ရွေးချယ်ရေးအဖွဲ့ကို လာရောက်တင်ပြ ရှင်းလင်းရမည်ဖြစ်သာည်။
YBS များတွင် ယာဉ်နောက်လိုက်များနေရာတွင် ငွေထည့်ပုံးကို အစားထိုးပြောင်းလဲထားပြီဖြစ်သော်လည်း ယဉ်အချို့မှာ ယာဉ်နောက်လိုက်များ လိုက်ပါနေဆဲဖြစ်သည်။ ခရီးသည်များအနေနှင့် ငွေအကြွေပြသနာရှိနေခြင့်ကြောင့် ကတ်စနစ်ကို အမြန်ဆုံးပြောင်းလဲနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။
သတင်းကိုးကား−7DayDaily