BEC-TERO TV

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်ပုံစံ ပြောင်းလဲတော့မည်မဟုတ်

10 Aug 2017     1,321 Views


ယခုပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအတွက် မေးခွန်ပုံစံသစ် ပြောင်းလဲရန် စီစဉ်ခဲ့သော်လည်း မပြောင်းလဲဖြစ်တော့ပဲ ယခင်ပုံစံအတိုင်းသာ စာမေးပွဲကို ဆက်လက်စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း ဆရာ/ဆရာမများအဖွဲ့ချုပ် အဖွဲ့ဝင်များကို ပညာရေးဝန်ကြီးဌါနက အသိပေးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌါနမှ တာဝန်ရှိသူများ သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ် အခြေခံပညာဦးစီးဌါန ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌါန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ လက်ရှိပုံစံမှာ ကျက်ဖြေစနစ်ကို ဦးစားပေးခြင်း ဖြစ်သည့်အတွက် အတွေးအခေါ်ကို ဦးစားပေးသည့် မေးခွန်းပုံစံသစ် ပြောင်းလဲရန် လိုအပ်နေသော်လည်း ယခုနှစ်တွင် စတင်ပြောင်းလဲမည်ဆိုပါက ကျောင်းသူ ကျောင်းသားများအနေနှင့် မေးခွန်းပုံစံသစ်အတွက် ကြိုတင်ပြင်ဆင်ချိန် မလုံလောက်မှုများ ရှိလာမှာကို ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက စိုးရိမ်လျှက်ရှိကြသည့်အတွက် ယခုစာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်ပုံစံကို ပြောင်းလဲသွားမည်မဟုတ်ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်−7DayDaily

ဓါတ်ပုံ−အင်တာနက်
 


10 Aug 2017     1,321 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS