BEC-TERO TV

တစ်ယောက်နဲ့ တစ်ယောက်နားလည်တဲ့ ချစ်သူမျိုးလိုချင်တယ်ဆိုတဲ့ အိချောပို

09 Aug 2017     1,519 Views


ဇာတ်ကားတွေထဲမှာတော့ အချစ်အတွက်အရာရာကိုသီးခံတဲ့ ဇာတ်ရုပ်တွေ ရိုက်ဖြစ်ပေမယ့် အပြင်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပေးမယ့် ချစ်သူမျိုးပဲ လိုချင်တယ်လို့ ပြောထားပါတယ်။

“အဓိကကတော့  တစ်ယောက်နဲ့ တစ်ယောက် နားလည်မယ့်လူမျိုး ကို လိုချင်တာပါ ။ ဇာတ်ကားထဲကလို ဆိုးနေတဲ့ သူကို တွေ့မယ် ဆိုရင်လဲ ကိုယ်ချစ်နေတယ် ဆိုရင်တော့ ပြောလို့မရဘူးပေါ့နော် ။လက်ခံနိုင် လက်မခံနိုင်ဆိုတာကတော့ လောလောဆယ် အချစ်ရေးက အေးဆေးပါ”   လို့ ပြောထားပါတယ်။

အိချောကို ချစ်ကြတဲ့ ပရိတ်သတ်တွေက အကယ်ဒမီ မှန်းကြပေမယ့် အကယ်ဒမီ ကတော့ ကံတရားပါ ။ အိချောကတော့ တက်နိုင်တဲ့ ဘောင်အတွင်းကနေ အကောင်းဆုံးကြိုးစားသွားမှာပါ ။ အားပေးကြတဲ့ ပရိတ်သတ်တွေကိုလဲ အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောသွားခဲ့ ပါတယ်။ လက်တလော မှာတော့ ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်ဖို့ရှိတယ်လို့ ပြောသွားခဲ့ ပါတယ်။

 


09 Aug 2017     1,519 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment