BEC-TERO TV

သားဦးလေးရဲ့ အချင်းနဲ့ သွေးကို စင်ကာပူမှာသိမ်းထားမယ့် သဉ္ဖာနွယ်ဝင်း

07 Aug 2017     1,436 Views


ကိုယ်ဝန်ငါးလကျော်နေပြီဖြစ်တဲ့ သဉ္ဖာဟာ သားဦးလေးကို ဒီဇင်ဘာလ လောက်မှာ ၀ိတိုရိယဆေးရုံမှာ မွေးမယ် လို့ သိရပါတယ် ။

“ ခွဲမွေးတဲ့အခါ ခါးကိုဆေးထိုးရတယ် အခန်မသင့်ရင်ခါးနာဝေဒနာ ခံစားရတယ် ။ ခွဲမွေးတဲ့ အခါ ကောင်းတဲ့ အချက်ရှိသလို ဆိုးတဲ့ အချက်တွေလဲရှိတယ် ။ သဉ္ဖာက နာရင်တခါပဲ နာချင်တယ် ။ ရိုးရိုးမွေးရင် ချက်ချင်းလဲ ကလေးချီလို့ရတယ် ။ ခွဲမွေးရင်ချက်ချင်း ချီလို့ မရတာတွေကြောင့် ရိုးရိုးပဲ မွေးချင်တယ် ။

သားလေးရဲ့ အချင်းနဲ့ သွေးကိုလဲ စင်ကာပူ company ဖြစ်တဲ့Cord Life မှာသိမ်းမယ်လို့လဲ သိရပါတယ် ။ “ သားလေးရဲ့ အချင်းနဲ့ သွေးကို သိမ်းဖြစ်တာက ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ကလေးအတွက် နောင်တချိန်မှာ ဘယ်ဟာ အကောင်းဆုံး ဖြစ်မလဲဆိုတာကိုလေ့လာပြီးတော့မှ ကလေးရဲ့ အချင်းနဲ့ သွေးကို သိမ်းဖြစ်တာပါ ။ အချင်းသိမ်းတဲ့ အခါ ပင်မဆဲလ် နဲ့ ရောဂါတွေ ပြန်ကုလို့ ရပါတယ် ။ကလေးကော ကလေးရဲ့ မိဘ ၊ မောင်နှမ ၊ ဘိုးဘွားတွေပါ သုံးလို့ရတဲ့ အတွက် အရမ်းတန်ဖိုးရှိပါတယ် ။ ဒါကြောင့် သိမ်းဖြစ်တာပါလို့” လို့ ပြောသွားခဲ့ပါတယ် ။ 

Credit:popular 


07 Aug 2017     1,436 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment