ဂျော်ဒန်ရှိအစ္စရေးသံရုံးအနီးပစ်ခတ်မှုဖြစ်ပွား
26 Jul 2017 1,300 Views
ဂျော်ဒန်နိုင်ငံထဲက အစ္စရေးသံရုံးနားမှာ အစ္စရေးလုံခြုံရေးအစောင့်တစ်ဦးကို ဂျော်ဒန်နိုင်ငံသား တစ်ဦးက ၀က်အူလှည့်နဲ့တိုက်ခိုက်ဖို့ကြိုးပမ်းတာကြောင့် အဲဒီလူကိုအသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးအရာရှိတွေကပြောပါတယ်။ဒါ့ပြင် ပစ်ခတ်မှုအတွင်းနောက်ထပ် ဂျော်ဒန်နိုင်ငံသား တစ်ဦး လည်း သေဆုံးခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။တိုက်ခိုက်ခံရတဲ့ လုံခြုံရေးအစောင့် ကတော့ ဒဏ်ရာရရှိသွားပါတယ်။
တိုက်ခိုက်သူဟာ သံရုံးကနေအသုံးပြုနေတဲ့လူနေအဆောက်အအုံမှာ လက်သမား ဆရာလုပ်နေသူတစ်ဦးဖြစ်တယ်လို့ အစ်္စရေးဘက်ကကြေညာချက်ထုတ်ပြန်ပါတယ်။ဒီဖြစ်ရပ်ဟာ အစ်္စရေးနဲ့ဂျော်ဒန်နိုင်ငံတို့ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးကတည်းက ဆိုရင် ပြင်းထန်တဲ့ဖြစ်ရပ်တွေထဲကတစ်ခုဖြစ်လာပါတယ်။ဒဏ်ရာရရှိလို့ ဆေးရုံတင်ထားရချိန်မှာ ဆေးရုံမှာ သေဆုံးခဲ့တဲ့ ဒုတိယမြောက်ဂျော်ဒန်နိုင်ငံသားကတော့ အဆောက်အအုံပိုင်ရှင်ဖြစ်တယ်လို့ သိရပါတယ်။
ဂျော်ဒန်ရဲတပ်ဖွဲ့ဟာ နိုင်ငံ့မြို့တော်ရဲ့ ဘာရီယာအရပ်မှာရှိတဲ့ လုံခြုံရေးတင်းကြပ် ထားရာ သံရုံးပတ်ဝန်းကျင်ကို ကန့်သတ်ထားလိုက်ပြီ ဖြစ်ပါတယ်။အရှေ့ဂျေရုစလင်မှာရှိတဲ့ ဂျူးနဲ့မွတ်စလင်တို့အထွတ်အမြတ်ထားရာနေရာအပြင်ဘက်မှာ သတ္ထူထောက်လှမ်းရေးစက်တွေကို တပ်မယ့် အစ္စရေးနဲ့အစီအစဉ်ကို ဂျော်ဒန်နိုင်ငံသားတွေကဆန္ဒပြမှု သောကြာနေ့တုန်းကဖြစ်ပွားပြီး နောက်မှာအခုဖြစ်ရပ်ထွက်ပေါ်လာတာပါ။