၅နှစ်သမီးကို ခိုးယူကာသားမယားအဖြစ်ပြုကျင့်တဲ့သူ ထွက်ပြေးတိမ်းရှောင်မှု
17 Jul 2017 1,589 Views
၁၃.၇.၂၀၁၇ ရက်နေ့ ၉း၄၅ နာရီခန့်အချိန် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဟင်သော်ကျေးရွာနေ မ------(၅)နှစ်သမီးအား ကောလင်းမြို့နယ် တောင်ပုံကျေးရွာနေ မင်းမင်း(ခ)အေးမင်းဦးက နေအိမ်မှ ခိုးယူ၊ သားမယားအဖြစ်ပြုကျင့်တဲ့အပြင် နားကွင်း တစ်ရံပါဖြုတ်ယူ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါတရားခံ မင်းမင်ကို ဖမ်းဆီးရမိရေး ဇင်းရဲကင်းစခန်းမှူး ရဲအုပ်ဘိုဘိုနိုင်နှင့်အဖွဲ့ တောနင်းရှာဖွေခဲ့ရာ ၁၄.၇.၂၀၁၇ ရက်နေ့ ၁၀း၃၀ နာရီခန့် အုန်းခြောက်လုံး တောတိုက်တွင် သက်သေခံ နားကွင်းတစ်ရံနှင့်အတူ တရားခံမင်းမင်းအား ဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင်ကန့်ဘလူမြို့မ ရဲစခန်းသို့ (ပ)၁၆၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၉၂ တို့ဖြင့် အရေးယူထားကြောင်း သိရပါသည်။