ယနေ့ တောင်ဥက္ကလာ တွင် နေ့ခင်းကြောင်တောင် လုယက်မှုဖြစ်ပွား
14 Jul 2017 1,289 Views
ယနေ့မွန်းလွဲ၂နာရီခန့်တွင်တောင်ဥက္ကလာ၁၂ရက်ကွက်ဘရဏ၁လမ်းအောက်လမ်းအိမ်အမှတ်၄၁/ကတွင်နေထိုင်သူအဖွားဒေါနွယ်နွယ်အေးအား လည်ပင်းညှစ်လုယက်မှုတစ်ခုဖြစ်ပွားခဲ့ ပါတယ်။
အိမ်တွင်အဖွားဒေါ်နွယ်နွယ်အေးတစ်ယောက်တည်းရှိနေ စဉ် စည်ပင်ဝတ်စုံ နဲ့ အမျိုးသမီးတစ်ယောက်သည် ရေကန်ထဲသို့ပိုးသတ်ဆေးလာခတ်တာပါ ဆိုပြီးအော်ပြောပါတယ်။
ဒေါ်နွယ်နွယ်အေးကြားသဖြင့် အထဲဝင်ဖို့ခွင့်ပြုလိုက်ပြီး အိမ်ထဲဝင်တာနဲ့ တပြိုင်နက် အိမ်သာထဲကိုခေါ်သွားပြီး အဖွားဒေါ နွယ်နွယ်အေးမှာရှိတဲ့ လက်ကောက် ၁၄ ကွင်းကို အကုန်ချွတ်ယူပါတယ်။
ဒါ့အပြင် တစ်ဖက်ကလည်းဘောပင် နဲ့ လည်ပင်းကိုစောင့်ထိုးထားပါတယ်။လက်ကောက်အားလုံးချွတ်ပြီးတော့ အဖွားကြီး ကျွန်မလက်ကောက်တွေလည်းရပြီ ရှင့်ကိုသတ်ပစ်ရမလားလို့ အဖွားကြီးကိုမေးတော့ အဖွားကြီးက ကယ်ကြပါဦး ကယ်ကြပါဦး ဆိုပြီးအော်ခေါ်ရာမှဘေးအိမ်မှ အန်တီတစ်ယောက်နဲ့ ဦး လေးကြီးတို့ နှစ်ယောက် ထွက်လာပြီး အိမ်ထဲ သိုဝင်လာကာသူ၏လက်ထဲတွင် အဖွားဒေါ်နွယ်နွယ်အေး၏ လက်ကောက်များနှင့် အဖွားအား လည်ပင်းကိုဘောပင်နဲ့စောင့်ထိုးနေတာကို မြင်ရသဖြင့် အတင်းဆွဲကြပြီးအော်ခေါ်ပြီး ဝိုင်းဖမ်းလိုက်ကြရာတာ
၎င်းမိန်းမကို မိသွားပါပြီ။ရဲလက်ထဲလည်းအပ်လိုက်ပါပြီ။
Posted-Aye Chan Moe FB.