အိမ်ပိုင်ဆိုင်ဖို့ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်မှုများပြားလာ
14 Jul 2017 1,326 Views
ဝင်ငွေနည်းပြည်သူတွေအနေနဲ့ အခုနောက်ပိုင်းမှာ အိမ်ရာဝယ်ယူဖို့အတွက် အိမ်ရာစုဆောင်း ငွေစာရင်းဖွင့်လှစ်မှု များပြားလာတယ်လို့ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ဝင်ငွေနည်းပြည်သူတွေ အိမ်ရာ ၀ယ်ယူနိင်ဖို့ အိမ်ရာစုဆောင်းငွေစာရင်းကို ၂၀၁၆ခုနှစ် သြဂုတ်လအတွင်းက စတင်မိတ်ဆက်ခဲ့ တယ်လို့သိရပါတယ်။အဲဒီလိုစတင်မိတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်ဖို့ စိတ်ဝင်စားမှုများပြားလာပြီး လက်ရှိမှာတော့ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ပြီးငွေစုဆောင်းသူ ရာနှူန်းပြည့်နီးပါးအထိရှိလာပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။
ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်နိင်ဖို့ အတွက် မှတ်ပုံတင်တစ်ခု၊ငွေကျပ်တစ်သောင်းရှိရုံနဲ့ အိမ်ရာစုဆောင်းငွေစာရင်းဖွင့်လှစ်နိင်ပြီး အိမ်ရာဝယ်ယူနိင်ဖို့အတွက် ကနဦးအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့(၃၀)ရာခိုင်နူန်းပြည့်မီ အောင်စုဆောင်း ပြီးပါက ကျန်တဲ့(၇၀)ရာခိုင်နူန်းကိုချေးယူကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တည်ဆောက် နေတဲ့အိမ်ရာတွေကို ၀ယ်ယူနိင်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ဝင်ငွေနည်းပြည်သူတွေ အိမ်ရာပိင်ဆိုင်နိင်ဖို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာ တန်ဖိုးနည်းအိမ်ရာတွေကို အကောင် အထည်ဖော်တည်ဆောက်နေတယ်လို့သိရပါတယ်။