BEC-TERO TV

လူသေအလောင်းများတာရှည်ခံရန်အသုံးပြုသည့် ဖော်မလင်ဆေးရည်​များ ပဲပြားနှင့်ပဲသွေး တွင်ထည့်သွင်း

14 Jul 2017     1,488 Views


အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာနခွဲရန်ကုန်ရုံးမှသီရိမင်္ဂလာဈေးရှိပဲသွေး၊ပဲပြားနမူနာများကိုရွေ့လျားဓါတ်ခွဲယာဉ် (Mobilelabvan)ဖြင့်ညဥ့်သန်းခေါင်ယံအချိန်တွင်ဈေးကွက်နမူနာများကိုရှောင်တခင်ဝင်ရောက်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

၁၁.၇.၂၀၁၇တွင်မှော်ဘီမြို့မဈေးမှစစ်ဆေးတွေ့ရှိရသောပဲသွေး၏ဝယ်ယူသည့်ပင်ရင်းကိုခြေရာခံကောက်၍၁၂.၇.၂၀၁၇ရက်ည(၁၀:၃၀)တွင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲရန်ကုန်ရုံးအဖွဲ့သည်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှအဖွဲ့ဝင်များ(မြို့နယ်ပြည်သူ့ကျန်းမာ၊စည်ပင်ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့)၊စည်ပင်ဈေးများဌာန၊စာသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူပေါင်း၍အဖွဲ့(၂)ဖွဲ့ဖြင့်လှိုင်မြို့နယ်ရှိသီရိမင်္ဂလာဈေးတွင်ပဲပြားနှင့်ပဲသွေးနမူနာတို့ကိုကောက်ယူခဲ့ပါသည်။ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ချက်ချင်း စစ်ဆေးခဲ့ရာ ကောက်ယူခဲ့သော ပဲသွေး(၅)မျိုးတွင် Formalin တွေ့ရှိရပြီး ပဲပြား(၁၃)မျိုးတွင်တော့ Formalin မပါရှိကြောင်းတွေ့ရှိရပါသည်။

ရောင်းချသူများကို ခံဝန်ထိုးခဲ့ပြီး ပဲသွေး နမူနာများ(၇၀၀၀ခန့်)ကို သိမ်းဆည်း၍ မနက် (၂) နာရီခန့်တွင် စုပေါင်းဖျက်ဆီးခဲ့ပါသည်။ ပဲသွေးထုတ်လုပ်သည့် ပင်ရင်းလုပ်ငန်းကိုလဲ ဆက်လက်ဖော်ထုတ်အရေး ယူဆောင်ရွက်သွားပါမည်။

 


14 Jul 2017     1,488 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS