BEC-TERO TV

ဆိုင်းငံ့ထားသည့်တရုတ်မီးရထားလမ်းစီမံကိန်းကို ထိုင်းအစိုးရပြန်လည် အတည်ပြု

14 Jul 2017     1,323 Views


ဘန်ကောက်မြို့ကနေ တရုတ်နိုင်ငံမြောက်ပိုင်းကို ချိတ်ဆက်မယ့် အမေရိကန် ဒေါ်လာ(၅.၂)ဘီလျံတန် မြန်နှုန်းမြင့် မီးရထား လမ်းစီမံကိန်းကို စတင်ဖို့ ထိုင်းအစိုးရက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ပူးတွဲလုပ်ဆောင်မယ့် ဒီစီမံကိန်းကို နှစ်ချီဆိုင်းငံ့ ထားပြီးတဲ့နောက် အတည်ပြုလိုက်တဲ့အကြောင်းကို ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ကြေညာလိုက်တာဖြစ်ပါတယ်။ အခုစီမံကိန်းဟာ တရုတ်နိုင်ငံမြောက်ပိုင်းမြို့ ကူမင်းကို လာအို၊ထိုင်း၊မလေးရှား၊ စင်္ကာပူနိုင်ငံ တို့နဲ့ဆက်သွယ်မယ့် မြန်နှုန်းမြင့်မီးရထားလမ်းကို တည်ဆောက်မယ့် တရုတ်နိုင်ငံရဲ့ ဒေသတွင်း အခြေခံအဆောက်အအုံ စီမံကိန်းကြီးရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

ဒီမီးရထား လမ်း စီမံကိန်းဟာ လာအိုနိုင်ငံမှာစတင်နေတာကြာမြင့်ပြီဖြစ်ပေမဲ့ ထိုင်းနိုင်ငံမှာတော့ အလုပ်သမား ကဏ္ဍ လုပ်ထုံးလုပ်နည်းတွေ၊ချေးငွေဆိုင်ရာသဘောတူညီချက်တွေနဲ့ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ တွေကြောင့် စီမံကိန်းစတင်နိုင်ဖို့ နှစ်ချီနှောင့်နှေးနေတာဖြစ်ပါတယ်။ ဘန်ကောက်ကနေ ခိုရက် အထိဆက်မည် မြန်နှုန်းမြင့်မီးရထားလမ်းစီမံကိန်းအဆင့်တစ်အတွက် အမေရိကန်ဒေါ်လာ (၅.၂)သန်းကို လေးနှစ်ကြာစီမံကိန်းအဖြစ် အစိုးရအဖွဲ့က အတည်ပြုလိုက်တယ်လို့ ထိုင်းဝန်ကြီးချုပ် ကပြောပါတယ်။

ဒီစီမံကိန်းဟာ နောက်ပိုင်းမှာ လာအိုနိုင်ငံနဲ့နယ်စပ်ချင်းထိစပ်နေတဲ့ နွန်ခိုင်အထိ ချဲ့ထွင်သွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ ရထားလမ်းအတွက် ကုန်ကျစရိတ်ကိုကျခံရမှာဖြစ်ပြီး နည်းပညာပိုင်းဆိုင်ရာအများစုကို တရုတ်အင်ဂျင်နီယာတွေဘက်ကပံ့ပိုးမှာဖြစ်လို့ နိုင်ငံခြားသား အင်ဂျင်နီယာတွေကိုနေရာပေးပြီး ကန့်သတ်မှုတွေလျှော့ချလိုက်တဲ့ ၀န်ကြီးချုပ်ပရာရွတ်ရဲ့ အခုဆုံးဖြတ်ချက်က ပြည်တွင်းကုမ္ပဏီတွေက ဒေါသထွက်နေကြပါတယ်။


14 Jul 2017     1,323 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS