BEC-TERO TV

မိုဆူးမြို့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

14 Jul 2017     1,289 Views


အီရတ်အစိုးရတပ်တွေဟာ မိုဆူးမြို့ကို အိုင်အက်စ်အဖွဲ့လက်အောက်ကနေ ပြန်သိမ်းနိုင်ပြီး တဲ့နောက် မိုဆူးမြို့ထဲမှာ ထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတုန်းဖြစ်တယ်လို့သိရပါတယ်။ အီရတ်အစိုးရ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေတဲ့ အမေရိကန်ဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့ကတော့ မိုဆူးမြို့ဟောင်းမှာ ကျန်နေသေးတဲ့စစ်သွေးကြွတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့အခြေအနေမှာရှိတယ်လို့ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာမှာ အရပ်သားတွေ ပိတ်မိနိုင်နေသေးတယ်လို့ ကုလသမဂ်္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကပြောပါတယ်။

အီရတ်ဝန်ကြီးချုပ်ဟာ အိုင်အက်စ်အဖွဲ့က အစ္စလာမ်္မစ်နိုင်ငံတော်လို့ တစ်ဖက်သတ်ကြေညာ ထားတဲ့ မိုဆူးမြို့ကို ပြန်သိမ်းနိုင်တဲ့အီရတ်တပ်ဖွဲ့တွေနဲ့တွေ့ဆုံထားပါတယ်။ဒါပေမဲ့ ညွန့်ပေါင်းတပ်ဖွဲ့ ပြောခွင့်ရသူကတော့ မိုဆူးမြို့ထဲမှာ အိုင်အက်စ်အဖွဲ့တိုက်ခိုက်ရေး သမားတစ်ချို့ကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းနေတုန်းဖြစ်တယ်လို့ပြောပါတယ်။ဒါ့ပြင် မြို့ကို အပြည့်အ၀ပြန်သိမ်းတာမလုပ်ခင် ဖျက်ဆီးရမယ့်မရေတွက်နိုင်တဲ့ ဖောက်ခွဲရေးပစ်္စည်းတွေ မြို့တွင်းမှာ ရှိနေသေးတယ်လို့ သူကပြောပါတယ်။

အီရတ်တပ်ဖွဲ့တွေရဲ့ မိုဆူးမြို့သိမ်းတိုက်ပွဲဟာ(၉)လကြာမြင့်ခဲ့တာကြောင့် မြို့တွင်းက နေရာတော်တော်များများမှာ အပျက်အစီးတွေဖြစ်ပွားခဲ့သလို အရပ်သားထောင်ချီလည်း သေဆုံးခဲ့ ပါတယ်။မိုဆူးမြို့အနောက်ပိုင်းက လူနေခရိုင်(၅၄)ခုထဲက (၁၅)ခုဟာ အကြီးအကျယ် ပျက်စီးထား သလို (၂၃)ခုကတော့ လုံးဝပျက်စီးနေတယ်လို့ ကုလသမဂ်္ဂကပြောထားပါတယ်။တစ်ချိန်တည်းမှာပဲ အီရတ်တပ်ဖွဲ့ဟာ မိုဆူးမြို့သိမ်းတိုက်ပွဲတွေအတွင်း မလိုအပ်ဘဲ အင်အားပိုသုံးတာတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေရှိနေပါတယ်။


14 Jul 2017     1,289 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS