ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုအနေနဲ့ တန်ချိန်(၆)သိန်း တင်ပို့ထား
14 Jul 2017 1,272 Views
ဆန်နှင့်ဆန်ကွဲပြည်ပတင်ပို့မှုအနေနဲ့ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တန်ချိန် (၆)သိန်းလောက်တင်ပို့ပြီးပြီလို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့စာရင်းတွေအရသိရပါတယ်။ အခု၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှု ကပါ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေနဲ့ တန်ချိန်(၆)သိန်းလောက်ရှိနေပြီလို့သိရပါတယ်။ဒါဟာပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ရင်တန်ချိန် တစ်သိန်းလောက်ပိုပြီး တင်ပို့နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။
လက်ရှိမှာလည်း သီရိလင်္ကာနိုင်ငံကို ဆန်တင်ပို့နိုင်ဖိုအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်သီရိလင်္ကာနိုင်ငံက တာဝန်ရှိသူ တွေအနေနဲ့ ညိနှိုင်းထားတာတွေရှိသလို၊ဖီလစ်ပိုင်နိုင်ငံကို ဆန်တင်ပို့ရောင်းချနိုင်ဖို့အတွက်လည်းတင်ဒါယှဉ်ပြိုင်မှုတွေလည်းရှိတယ်လို့သိရပါတယ်။လက်ရှိမှာပြည်ပနိုင်ငံများကို ဆန်တင်ပို့မှုအနေနဲ့နိုင်ငံပေါင်း(၅၄)နိုင်ငံကို တင်ပို့နေတာဖြစ်ပြီးယခု၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်းမှာတော့ ဆန်တန်ချိန်(၂)သန်းလောက်တင်ပို့နိုင်ဖို့အတွက်ရည်မှန်းထားတယ်လို့သိရပါတယ်။