BEC-TERO TV

၉ ရက်လျှင် လူတစ်ဦးနှုန်း ဆွဲကြိုးချသေဆုံးနေတဲ့ လွိုင်ကော်မြို့

14 Jul 2017     1,644 Views


လွိုင်ကော်တွင် ၉ ရက်လျှင် လူတစ်ဦးနှုန်း ဆွဲကြိုးချသေဆုံးနေကြောင်းသိရှိရသည်။လွိုင်ကော်မြို့နယ်တွင် မေလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရက်ပေါင်း ၄၆ ရက်အတွင်း လူ ၅ ဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း လွိုင်ကော်မြို့နယ် မြို့မရဲစခန်း၏ မှတ်တမ်းအရ သိရသည်။ယင်းသည် တစ်လခွဲအတွင်း ၉ ရက်လျှင် လူတစ်ဦးနှုန်း မိမိကိုယ့်ကို သေကြောင်းကြံစည်ကာ သေဆုံးခဲ့ခြင်းလည်း ဖြစ်သည်။

သေဆုံးခဲ့သူများသည် စိတ်ကြောင့်ဖြစ်ပေါ်လာသော ဝေဒနာများကြောင့် မခံမရပ်နိုင်ဖြစ်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သည့်အထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ဟု ရဲမှတ်တမ်းများအရ သိရသည်။သေဆုံးခဲ့သူ ၅ ဦးအနက် လွိုင်ကော်မြို့ပေါ်ရပ်ကွက်​နေ လူနှစ်ဦးနှင့် ကျေးရွာ​နေ လူ ၃ ဦးတို့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြခြင်းဖြစ်သည်။

လွိုင်ကော်မြို့ပေါ်ရှိ အဆုံးစီရင်သေဆုံးမှုများမှာ မင်္ဂလာရပ်ကွက်တွင် မေလ ၂၁ က မကေခိုင်ဝင်း (သ-၃၀)နှင့် လောဓမ္မရပ်ကွက်တွင် ဇွန်လ ၂၆ ရက်နေ့က စိုင်းဇေယျာမင်း(ခ)မောင်ငဲ(သ-၄၀) စုစုပေါင်း နှစ်ဦး ဖြစ်သည်။လွိုင်ကော်မြို့နယ် ကျေးလက်ဒေသတွင်မူ ဇွန်လ ၃ ရက်နေ့တွင် ပန်ကန်းကျေးရွာအုပ်စု၊ ထူသူငံသကျေးရွာနေ မခိုင်ဇာလင်း အသက် ၃၉ နှစ်၊ ဇွန်လ ၂၃ ရက်နေ့က ချိကယ်ကျေးရွာအုပ်စု၊ ဒေါကလိုခူးကျေးရွာနေ ဆူးရယ်(သ-၃၆)နှင့် ဇူလိုင်လ ၅ ရက်နေ့က နိုးကိုးကျေးရွာအုပ်စု၊ ရေယိုကျေးရွာနေ ဆူးရယ်(သ-၃၉)တို့က မိမိကိုယ်ကို ဆွဲကြိုးချ အဆုံးစီရင်ခဲ့ကြခြင်း ဖြစ်သည်။

Source:ကန္တာရဝတီတိုင်း(မ်)

 


14 Jul 2017     1,644 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS