BEC-TERO TV

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်စီးနင်းလာသောယာဉ် မတော်တဆမှုဖြစ်ပွား

14 Jul 2017     1,334 Views


တောင်ကလေးဆရာတော်မွေးနေ့ပွဲသို့ သွားရာလမ်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်စီးနင်းလာသော ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ဇူလိုင် ၁၄ ရက် (ယနေ့) နံနက် ၇နာရီခန့်တွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည်တောင်ကလေးဆရာတော်၏ ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားသို့ သွားရောက်စဉ် ဘားအံမြို့ဂေါက်ကွင်းရှေ့၌ ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မတော်တဆမှုကြောင့်ဝန်ကြီးချုပ်၏ဘယ်ဘက်ခြေသလုံးအရိုးကျိုးဒဏ်ရာရရှိခဲ့ပြီးဘားအံမြို့ပြည်သူဆေးရုံကြီးတွင် ကုသသွားမည်ဖြစ်သည်။

(ဖြည့်စွက်သတင်း)

ယနေ့ နံနက် တောင်ကလေးဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲပါရမီတံတားဖွင့်ပွဲသို့သွားရောက်သည့်ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၏မော်တော်ယာဉ်မှာစက်ချို့ယွင်းမှုဖြစ်၍လမ်းဘေးကျွန်းပင်အားဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။ဝန်ကြီးချုပ်မှာ ​ဘယ်​ဘက်​ညိုသကျည်းရိုးကျိုး ဒဏ်ရာရရှိသွားခဲ့ပြီး ဆေးရုံသို့တင်ပို့ထားရပါတယ်။

Source:  Htein Lin Myo

 


14 Jul 2017     1,334 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS